-27- (END)

7.7K 353 21
                                    

UNICODE

" ကိုပိုင် တက်တော့လေဗျ"

နွားလှည်းပေါ်သလို့ ရောက်နေပြီဖြစ်သည့်လင်းထက်ကခေါ်တော့ပိုင်စေခေင်းတစ်ချက်ငြိမ့်ကာ လှည်းပေါ်သို့ ခြေတစ်လှမ်းလှမ်း၍တက်မည်အပြု...

" နေဦး!!"

'' အယ်...သားရောင်ခြည် "

ပိုင်စေမျက်၀န်တွေလက်သွားရကာ နောက်သို့ကြည့်တော့သားငယ်လေးကိုပိုက်ကာခရီးဆောင်အိတ်တစ်လုံးကိုဆွဲလာသူ။ သူ့ရင်တွေအဆက်မပြတ်ခုန်နေကာလိပ်ပြာအကောင်တစ်သန်းမကဖြတ်သွားသလိုပင်။မိုးရေတွေနှင့်အတူသူ၏ပျော်ရွှင်မှုတွေကမြေနီထဲသို့စိမ့်၀င်နေသကဲ့သို့ကြည်နူးမှုကပြောမပြလောက်အောက်ပင်...

" အဟမ်း ကျွန်တော်လဲလိုက်မယ်"

စကားသံအဆုံးရောင်ခြည်၏ကိုယ်လုံးသည် ရင်အုပ်ကျယ်ကျယ်ထဲသို့ဆွဲသွင်းခံထားရသည်။အလယ်ရှိသားငယ်ကတော့ မျက်လုံးလေးကလယ်ကလယ်ဖြင့်သာ။သူကြီးနှင့်ရွာသူရွာသားတွေမှာလဲအံ့ဩနေသည့်အပြင် ဇာတ်လမ်းမသိသူဂျူနီယာဆရာ၀န်လေးတွေကလဲနားမလည်ဖြစ်နေဟန်ပေါ်သည်။လင်းထက်ကသာပြုံးစိပြုံးစိဖြင့်လက်ပမ်းပေါက်ခက်နေလေပြီ။

" ကျေးဇူးပါ...ကိုယ့်ကိုရွေးချယ်ပေးတဲ့အတွက်...အများကြီးအများကြီးချစ်ပေးမယ်နော်"

" ဟုတ်ပါပြီ တော်တော့လူတွေကြည့်နေပြီ။

"ဖေ...သားနာ"

" ဆောရီး သားကြပ်သွားလား"

" ဟူးး ဖေလူဆိုးး"

သားငယ်ကနှာမှုတ်ကာပြောတော့ပိုင်စေရယ်မိသည်။ သားငယ်၏ 'ဖေ' ဟုခေါ်သံကြောင့် ‌ရွာသူရွာသားတွေလဲအခြေနေကိုသဘောပေါက်လေပြီ။

" ဟို...ကျွန်တော့်အမျိုးသားနဲ့အတူ ပြန်လိုက်သွားပါဦးမယ် သူကြီးတို့ကိုလဲဒီနှစ်တွေအတွက်ကျေးဇူးပါဗျ။ကျေးဇူးကြောင့်ဒီလိုနေနိုင်ခဲ့တာပါ
ကျွန်တော်သေ‌ချာပေါက်လာလည်ပါဦးမယ်''

ရောင်ခြည်နှင့်ရင်းနှီးသည့်နမ်းခမ်းက ဖက်ကာငိုနေသည်မှာမရပ်တော့၍ရောင်ခြည်လည်းစိတ်မကောင်းပေ။သံယောဇဉ်ကြိုးတွေရစ်တွယ်နေသည်မလား။

To Be Loved...Where stories live. Discover now