-22-

6.1K 407 43
                                    

UNICODE

နှစ်နှစ်ကြာသော်....

အရှေ့ကအထီးကျန်နေရှာတဲ့အုတ်ဂူကို
လင်းထက်ငေးကြည့်နေမိသည်။ လက်ထဲကနှင်းဆီအနီရောင်ပန်းစည်းကို သေချာချပြီးတဲ့နောက်သစ်ရွက်တွေဖုံးအုပ်နေသည့်အုတ်ဂူကိုသန့်ရှင်းရေးစလုပ်တော့သည်။သူမျက်ရည်ဝဲနေလားမသိပေမဲ့ သူနောင်တတွေမရှိ။
သူနှင့်သဇင်နှစ်ယောက်လုံးကျန်ရှိသည့်အချိန်တွေမှာအတူတူဖြတ်သန်းကာ ပျော်ရွှင်ခဲ့သည်။ညဘက်တွေတယောက်လက်တယောက်ဆုပ်ကိုင်ခဲ့သည်။အဆုံးထိသူ့ကိုချစ်တယ်မပြောသွားခဲ့ပေမဲ့သူဂရုစိုက်မှုတွေအောက်မှာထိုမိန်းကလေးပျော်ရွှင်နေခဲ့သည်။
မပူလောင်ပဲအေးချမ်းနေခဲ့သည်လေ။

"နှစ်နှစ်ရှိပြီ သဇင်...နောင်ဘ၀မှာပျော်ပျော်နေရမယ်နော် ကိုယ့်နှင်းဆီနီလေး"

သူတစ်ချက်ခက်ဖွဖွပြုံးကာလှည့်ထွက်လာလိုက်သည်။နှစ်တွေကြာနေပြီးဖြစ်ကာလောကကြီးကပုံမှန်ပင်။သူ့နှင်းဆီနီလေးထွက်သွားတာတော့နှစ်နှစ်ရှိလေပြီ။ ထိုစဉ်ဖုန်းသံမှီလာသည်မို့ကြည့်လိုက်တော့ 'ကိုပိုင်' ဖြစ်နေ၏။

" ဟယ်လို ကိုပိုင်''

'' အေး လင်းထက် ခရီးကဘယ်တော့လဲ''

" ဒီနေ့လယ်တစ်နာရီလောက် ကိုပိုင်''

''ဟုတ်ပြီဟုတ်ပြီ မင်းနှင်းကိုသွားတွေ့တာလား''

"ဟုတ်တယ်ဗျ အခုကားပေါ်မှာ"

ကိုပိုင်ရဲ့Omegaကတော့ပျောက်နေသည်မှာနှစ်နှစ်ပင်ရှိလေပြီ။ ရှာလို့လဲမတွေ့သောကြောင့်ကိုပိုင်မှာဒီနှစ်တွေအတွင်းပိုပြီးစိတ်ဆင်းရဲလာသည်မှာအမှန်။ကိုယ့်ညီမလိုသဘောထားသူကတရားခံဖြစ်နေသည့်အပြင်လောကကြီးမှထွက်သွားလိုက်သေးသည်။ဘယ်လောက်ခံပြင်းမလဲဆိုတာသူနားလည်သည်။

ကိုပိုင်ဆေးရုံမှထွက်စာတင်ကာ မြို့ထဲမှာသာကိုယ်ပိုင်ဆေးခန်းလေးဖွင့်ထား၏။ကိုယ်ကတော့ဆေးရုံကမထွက်မိ။အလုပ်များနေမှနှင်းဆီနီလေးကိုမလွမ်းမှာဖြစ်သည်။'လင်း'ဟူသည့်
ပရဟိတအဖွဲ့ကိုသဇင့်အတွက်ရည်စူးပြီးထောင်ထားသည်မှာတစ်နှစ်ပင်ရှိပြီ။သဇင့်‌နှစ်နှစ်ပြည့်မှာရှမ်းပြည်ဘက်ကရွာငယ်လေးတွေမှာ‌ဆေးဘက်ဆိုင်ရာအကူညီလေးတွေလုပ်အားပေးဖို့သွားရန်စီစဉ်ထားမိသည်။ ဒီနှစ်တွေအတွင်းအခြေနေမဟန်သူကိုပိုင့်ကိုပါ
သူတစ်ခါတည်းခေါ်ဖို့ဆွယ်လိုက်ခြင်းပင်။

To Be Loved...Where stories live. Discover now