-5-

4.9K 404 28
                                    

ZAWGYI READERS CAN SCROLL DOWN

UNICODE

အဖြူရောင်လက်ရှည်အကျနဲ့ အပြာရင့်ရောင်ပုဆိုးအကွက်ကိုသပ်ရပ်စွာဝတ်ပြီးတာနဲ့ ထမင်းစားခန်းထဲဝင်တော့ တွေ့ရတဲ့လူကြောင့်နှလုံးကဒိတ်ကနဲ...အကိုလေးက ဂျူဒီချိန်တွေတစ်နေ့နဲ့တစ်နေ့မတူတာကြောင့် ထမင်းစားခန်းထဲမှာအတူတူမနက်စာစားဖို့ဆိုတာ အနည်းငယ်တိုက်ဆိုင်ဖို့နည်းသည်မဟုတ်ပါလား..

" ကောင်းသောနံနက်ခင်းပါ အကိုလေးခင်ဗျ''

သူ့နှုတ်ဆက်စကားကိုအကိုလေးကတစ်ချက်မော့ကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်၏..ထို့နောက် ရွှေရောင်မျက်မှန်ကိုင်းကိုပင့်ကာ ဆေးစာအုပ်ကိုပြန်ကြည်ပြီးဘာမှမပြော...အကိုလေးရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပြီးမကြာခင်ပင်
အန်တီချိုက ကော်ဖီနှင့်မုန့်ဟင်းခါးကိုလာချပေး၏...ထိုလူ၏ ခွက်ထဲငှက်ပျောအူဖက်တွေ တွေ့တော့ သူမျက်မှောင်ကြုတ်လိုက်မိသည်..

ခွက်ကိုအကိုလေးဆီမချခင် ယူကာ ပန်းကန်ထဲက ငှက်ပျောအူဖက်တွေကိုသူ့ထဲ ပြောင်းထည့်ပြီးမှပန်းကန်ကိုအကိုလေးရှေ့ချပေးလိုက်တော့သူ့ကိုတစ်ချက်သာအကြည့်တစ်ချက်ပေးသည်..ဒီနေ့ဖို့သူ့ကိုအကြည့်တွေပေးသနားသောအကိုလေးသည် စိတ်ကောင်းဝင်နေသည်လားမသိ..

"သခင်လေး ငှက်ပျောအူမစားတာမေ့သွားတယ် တောင်းပန်ပါတယ်ရှင့်
သခင်ငယ်လေးမှတ်မိလို့တော်ပါသေးတယ်''

" ရပါတယ် အန်တီချို...''

အန်တီချိုရဲ့တောင်းပန်စကားကိုရောင်ခြည်ကပြုံးကားပြောလိုက်၏..
အကိုလေးကတော့ သူဖယ်ပေးထားသော မုန့်ဟင်းခါးကိုဘာမှဝင်မပြောပဲ စားသာစားနေသည်...ကောင်းစွာစားနေသော အကိုလေးကိုကြည့်ကာရောင်ခြည်တစ်ချက်ပြုံးလိုက်မိပြီးသူလဲ ကျောင်းနောက်ကျတော့မှာမို့မနက်စာကိုကောင်းစွားစားရတော့သည်..

" စားပြီးရင်သွားမယ်''

" ဗျာ..?''

" ငါပြောတာမင်းကိုလိုက်ပို့ပေးမယ်လို့ ငါတို့ဆေးရုံနဲ့လမ်းသင့်တယ်''

To Be Loved...Where stories live. Discover now