-21-

4.8K 360 25
                                    

UNICODE

လင်းထက်ရဲ့မျက်တွင်းတွေကအဆုံးမရှိတဲ့ချောက်တွေအလားအောက်ကိုညိုးကျနေတယ်။ဒီရက်တွေအတွင်းစိတ်ရောကိုယ်ပါပင်ပန်းနေတယ်ဆိုတာသိသာလှတယ်။ပြသာနာအိုးလေးကို သူဆေးရုံးခန်းမှာပဲကြံရာမရထိုင်စောင့်နေရုံသာ။

" ချောက်..."

တံခါးဖွင့်သံကြားတော့ ကိစ္စတွေအားလုံးရဲ့တရားခံကိုတွေ့လိုက်ရတယ်။

" မင်းပျော်မှပျော်ရဲ့လား"

" ပျော်တာပေါ့ ကျွန်မသိပ်ပျော်တာ"

" နှင်းသဇင် မင်းကလေအရမ်းကိုအဆိပ်ကြီးတဲ့မိန်းမတ‌စ်ယောက်ပဲ"

"ရှင်အခုမှသိတာလား ကိုလင်းထက်"

" ဟက်...ငါသိတာပေါ့ ငါသိပ်သိတာ
ငါမင်းကိုမချစ်ခဲ့ရင်ကောင်းမယ်
အခုတော့မင်းကအရမ်းကိုကြောက်ဖို့ကောင်းလွန်းတယ် ကောင်းမွန်နေတဲ့အိမ်ထောင်တစ်ခုလုံးကိုမင်းဖျက်စီးလိုက်ပြီးပျော်နေသေးတယ်"

" ကောင်းမွန်နေတယ် ကျွန်မကတော့
ပျက်ကျလုဆဲဆဲကိုဖျက်ပေးလိုက်တာပဲရှိတယ်"

" မင်းကလေ .....သူ့မှာကလေးလေးရှိတယ် သူ့ဗိုက်ထဲမှာ....လူ့ဘ၀ထဲကိုတောင်မ၀င်လာရ‌သေးတဲ့မျိုးစိတ်လေးကိုသူလွယ်ထားရတာ မင်းအခုဘာလုပ်လိုက်လဲ?အက်ကလေးကမိစုံဖစုံနဲ့မွေးဖွားလာ‌သင့်တာကို မင်းကလက်တစ်ဖက်ဖြုတ်ပေးလိုက်တာ
ပေါ့ ကောင်းပါ့ မနှင်းသဇင်ရယ်"

" ဘာအရေးလဲ ကျွန်မသူ့ကိုနောက်ထပ်တယောက်မွေးပေးနိုင်တယ်''

သူ့ပြောစကားကိုကြားတော့လင်းထက်က မျက်ထောင့်နီတွေနဲ့မော့ကြည့်လာတယ်။မယုံနိုင်ဖွယ်ရာ အမူရာနဲ့အတူပေါ့။ နောက်တော့ ခက်အက်အက်ရယ်ရင်းလှိမ့်‌ဆင်းလာတဲ့မျက်ရည်တွေကို သူ့လက်ဖမိုးနဲ့ခက်ကြမ်းကြမ်းသုတ်ပစ်လိုက်တယ်။

" ဟက်....မင်းမမွေးပေးနိုင်ပါဘူး "

" ရှင်ဘာပြောချင်တာလဲ ကျွန်မရောဂါကြောင့်လား ကျွန်မကပြန်ကောင်းနေပြီ"

" လိမ်ထားတာ....အကုန်လုံးကငါလိမ်ထားတာ မင်သိလား!!! ငါလိမ်ထားတာလို့ !!!!!"

To Be Loved...Where stories live. Discover now