ZAWGYI READERS CAN SCROLL DOWN
UNICODE
" သားအကိုကိုနွားနို့သွားပ်ို့လိုက်အုံး''
မေမေကြီးပြောစကားကိုခေါင်းငြိမ့်ကာ ညတိုင်းသူလုပ်နေကြအလုပ်ဖြစ်တဲ့နွားနို့ခွက်ကို ယူကာအိမ်ပေါ်သို့တက်ရသည်....ဒီအိမ်တော်မှာအထပ်နှစ်ထပ်ရှိပြီး သူနဲ့သူ့အမေကတော့အောက်ထပ်မှာနေ၏..အပေါ်ထပ်မှာတော့ဘုန်းမြတ်မိသားစုဝင်များနေထိုင်ကြသည်....
" *knock* ''
"ဝင်လာခဲ့''
တံခါးသေချာခေါက်ပြီးတော့မှဝင်လာကာ နွားနို့ခွက်ကိုစားပွဲခုံပေါ်ချပေးမည်အလုပ် အကိုလေးရဲ့ကိုယ်နေကိုယ်ထားကြောင့် ရောင်ခြည်သွေးရဲ့စိတ်လှုပ်ရှားမှုမြင့်တက်သွားသည်...အကိုလေးသည် ဂျူဒီကုတ်အဖြူရောင်ကို ထိုင်ခုံနောက်ကျောတွင်တင်ထားပြီး သူကမူ နက်ခ်တိုင်အမည်းရောင်ကိုစိတ်ရှုပ်ဟန်ဖြင့်ဆွဲဆန့်နေသည်...ဆံပင်တစ်ချို့ကလဲ အလုပ်သွားတုန်းကလိုသေချာပုံသွင်းထားခြင်းမရှိကာ နဖူးထက်ခက်ဝဲဝဲကျနေသည်...လက်တဖက်ကဆေးပိုင်းဆိုင်ရာစာအုပ်ကို ကြည့်နေပြီ ရွှေရောင်ကိုင်းမျက်မှန်ထက်ရှိမျက်ခုံးကတွန့်ချိုးနေသည်မှာနတ်ဘုရားအလား....
လူတယောက်ကစိတ်ရှုပ်နေလည်းကြည့်ကောင်းပါလားဟုတွေးမိဆဲဆဲ ထ်ိုလူဟာပိုင်စေဘုန်းမြတ်ဖြစ်နေသည့်အခါ မထူးဆန်တော့ပင်...
" ဟိတ် ''
"ဗျ..ဗျာ ''
" မင်းဆေးကြိုသောက်ထားသင့်တယ် heat ကာလနီးနေပြီ မင်း pheromone ကိုငါတောင်ရတယ်''
Pheromone က heat ကာလနီးလို့မဟုတ်ပဲစိတ်လှုပ်ရှားမှုကြောင့်အနည်းငယ်ယိုစိမ့်သွားရခြင်းကို ရောင်ခြည်သွေးမရှင်းပြတော့ပါ...ထိုအခန်းကျယ်ထဲ စံပယ်ပန်းနံ့သင်းသင်းကတော့ပျံ့လျက်...
ရောင်ခြည်သွေးထွက်သွားမှ ပိုင်စေသက်ပြင်းချန်ိုင်တော့သည်...ထိုကောင်လေးက အဆင်မြင့် omega ဖြစ်တာကိုပင်ထူးခြားသော pheromone ရှိ၏....omega တော်တော်များများကချိုအီသော အနံ့ရှိပေမဲ့ ရောင်ခြည်သွေးကတောသဘာဝပန်းအနံ့ကိုပိုင်ဆိုင်ထားသည်....ထိုအနံ့က သူ့ရဲ့အောက်ပိုင်းကိုခဏတာတင်းကြပ်သွားစေပြီး နေထိုင်ရခက်စေသည်မှာအမှန်....
YOU ARE READING
To Be Loved...
RomanceWhat Do I have to do to feel loved? ✖No TRANSLATION ✖ * This is an own creation* Start Date-29.7.2021 End Date -21.1.2022