-15-

5.8K 391 45
                                    

UNICODE

သုံးထပ်မြောက်ဆေးရုံရဲ့အပေါ်ဆုံးထပ်က ဗီအိုင်ပီအခန်းငယ်လေးထဲတစုံတယောက်ကကုတင်ထက်ကကောင်လေးရဲ့လက်ကိုကိုင်ပြီးအိပ်မောကျနေသည်။ထိုင်ရင်းအိပ်ရတာမို့သက်တောင့်သက်သာမရှိလှလဲပင်ပန်းထားသည်မို့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည်။

ရောင်ခြည် ကိုက်ခဲမှုနဲ့အတူဘယ်ဘက်လက်ကတင်းကနဲဖြစ်နေတာမို့သေချာကြည့်မိတော့ဆေးချိတ်ထားသည်။ ညာဘက်လက်ကိုတော့ကိုကိုက ကိုင်ထားတာအိပ်မောကျနေလေသည်။
ပင်ပန်းနွမ်းနယ်နေသောမျက်နှာနုနုကို လက်ဖြင့်တို့ကြည့်မိကာခက်ဖွဖွပြုံးမိသည်။ အအိပ်ဆက်သူကမကြာမီပင်မျက်ခုံးလေးတွေလှုပ်လာ၏။

'' ဟင်...ကလေး နိုးပြီးလား''

'' ဟုတ်''

'' ခဏနေရင်အမေတို့လာလိမ့်မယ်
ဆန်ပြုတ်ပြုတ်ထားတာလာပို့မှာ
အခုနေရထိုင်ရအဆင်ပြေလား''

'' ရတယ်ကိုကို မိုးမိသွားရုံပါ''

သူပြန်ဖြေတော့ကိုကိုကသူ့ကိုအမည်
ဖော်ရခက်သည့်မျက်၀န်းတွေဖြင့်ကြည့်သည်။သူလဲဘာပြောချင်နေလဲမသိတာကြောင့်ထုတ်သာမေးဖြစ်တော့သည်။

'' ဘာဖြစ်လို့လဲကိုကိုရဲ့ ကျွန်တော်နေကောင်းပါတယ်''

'' ကလေး ကိုကိုပြောတာသေချာနားထောင်နော်''

'' ဟုတ်....??''

'' ကလေးမှာကိုယ်၀န်ရှိနေတယ် အွန်း ကိုကိုတို့အက်ကိစ္စကိုနောက်မှသေချာဆွေးနွေးပြီး ဆရာ၀န်နဲ့တိုင်ပင်ရမယ်
အခုအားရှိအောင်လုပ်ရမယ်နော်
စားစရာရောက်လာရင်များများစား''

'' ဗျ....ဗျာ!! ကိုယ်...ကိုယ်၀န်!! "

'' အွန်း ဆရာ၀န်ကြီး roundလှည့်ရင်းဆွေးနွေးကြတာပေါ့''

ရောင်ခြည်က အနည်းငယ်တုန်လှုပ်သွားပြီးသူ့ရဲ့လက်တွေကိုဗိုက်ပေါ်ဖွဖွလေးတင်မိလိုက်တယ်။ဒီထဲ...ဒီထဲမှာသူနဲ့ကိုကိုရဲ့သွေးသားလေးရှိနေတယ်။
ကြည်နူးပြီးပျော်ရလွန်းလို့မျက်ရည်လေးတွေတောင်ဝဲလာရတယ်။

ပျော်ရွှင်နေတဲ့သူ့ Omega ကိုကြည့်ပြီးပိုင်စေပြုံးလိုက်မိတယ်။ တစ်ဆက်တည်းမနေ့ကအကြောင်းတွေးမိတော့ စိတ်မကောင်း။

To Be Loved...Where stories live. Discover now