ဂျောင်ကု Barတစ်ခုမှာမူးရူးအောင်သောက်ပြီးမှ
အိမ်ပြန်လာခဲ့သည်။အခုသူခံစားရတဲဝေဒ နာက
ပေါ့ပျက်ပျက်အိမ်ထောင်ရေးကြောင့်ဆိုတာ
ပြောစရာမလို။ဂျောင်ကုမှာအမေမရှိတော့ဘူး..
အဖေကလည်းဆေးရုံထက်က ကုတင်ပေါ်မှာ
ဘုန်းဘုန်းလဲနေတဲ့လူနာ။အဖိုးကြ ပြန်တော့လည်းအသက်အရွယ်ကြီးနေပြီမို့သူ့ဒုက္ခသောက
ပေါင်းစုံကိုသွားရင်ဖွင့်မရ။အခုသူယူခဲတဲ့မိန်းမ..
ဂျွန်ဆောယာ..ဆောယာကြတော့လည်းသူ့အလုပ်
သူ့မိဘတွေအတွက်ပဲသဲသဲလူပ်ဖြစ်နေတတ်ပြီးသူ့ကိုဆိုနွေးထွေးမူ့မရှိပြန်။ဘယ်မှာလဲ..သူ့အတွက်ကောင်းတူဆိုးဖက်ဘဝအဖော်အမွန်။ကားကိုဖြစ်သလိုမောင်းချင်သလိုမောင်းပြီး
အိမ်ပြန်ရောက်တာ့အိမ်လေးကမီးလင်းနေစဲ။
တစ်ယောက်ယောက်ကသူအိမ်ပြန်လာရင်မီးထွန်းပြီးနွေးထွေးစွာကြိုတယ်ပေါ့...ဒီအချိန်
ဆိုဆောယာတစ်ယောက်လည်းပြန်ရောက်လောက်ပြီဖြစ်သောကြောင့်ကိုယ့်ကိုကိုယ်ဟန်
ကိုယ်ဖို့ခါးကိုဖြောင့်နေအောင်ရပ်ကာဒီယီးဒယိုင်
ခြေလှမ်းတွေကိုမှန်အောင်ထိန်းလျှောက်လိုက်သည်။သို့သော်ဂျောင်ကုအထင်နဲ့အမြင်လွဲသွားသည်။
သူ့ဆီကိုပြေးလာကြိုသောလူသည်သူချစ်သော
ဆောယာမဟုတ်ခဲ့..သူ့ကိုလူကြီးဆိုပြီးအမြဲ
တမ်းတစ်ဖွဖွခေါ်တတ်သောကောင်ငယ်လေး
ထယ်ယောင်းပင်။"လူကြီး...အရက်တွေသောက်လာတာလား...
လာ...ထယ်ထယ်တွဲပေးမယ်..."ထယ်ယောင်း..ဂျောင်ကုရဲ့လက်မောင်းကိုပခုံး
ပေါ်တင်စေလိုက်ပြီးတွဲကာအိမ်ထဲထိလမ်းလျှောက်လာသည်။"မင်း...မပြန်သေးဘူးလား...နောက်ကျနေပြီ
ဟာကို...""လူကြီးကိုစိတ်မချလို့မပြန်ဖြစ်တာ..."
ထယ်ယောင်းရဲ့စိတ်မချဘူးဆိုတဲ့စကားလေး
ကြောင့်ဂျောင်ကုငိုရမလိုရီရမလို။သူ့ကိုဘယ်သူ
မှစိတ်မချဘူးဆိုပြီးဂရုစိုက်မနေခဲ့တာကြာရော
ပေါ့..."လူကြီး...လူကြီးအိပ်ခန်းထဲထိသွားကြရအောင်
နော်...ဒီမှာအိပ်လို့မဖြစ်ဘူး..အအေးပတ်သွား
လိမ့်မယ်..."
