"ဦး...အဟင့်...ဟီး..."
ဂျောင်ကုကိုအားကိုးရာသဖွယ်ဖက်တွယ်ရင်း
ငိုလာတဲ့ကလေးငယ်။ဂျောင်ကုဘဝကရွှေပေါ်
မြတင်ကြီးပြင်ခဲ့ရလို့ထင်တယ်...ထိုကလေးငယ်
ခန္ဓာကိုယ်ကဆီစော်နံကြောင့်နှာခေါင်းကမဲ့ကနဲ။"ဘာဖြစ်တာလဲ...မင်းဆိုင်လေးက..."
ဂျောင်ကုမေးမြန်းပါသော်လည်းထယ်ယောင်း
သည်တရူံ့ရူံ့နဲ့ငိုနေစဲပင်။"ဟိတ်...မင်းအဲ့လောက်ငိုနေရအောင်ကလေးလား...ကလေးတွေတောင်မင်းလောက်မငိုဘူး"
ဂျောင်ကုမာန်မဲမူ့ကြောင့်တရူံ့ရူံ့နဲ့ငိုနေသော
ကောင်လေးမှာခေါင်းမော့လာရသည်။ထို့နောက်
ရိူက်သံတစ်စွန်းတစ်စနဲ့ပင်"အကြွေးရှင်တွေလာဖျက်ဆီးသွားကြတာ...
သူတို့အကြွေးတွေမပေးနိုင်လို့တောင်းပန်နေတဲ့
ကြားကစျေးရောင်းရတဲ့ပိုက်ဆံတွေအကုန်ယူ
သွားတဲ့အပြင်ဆိုင်လေးကိုပါဖျက်ဆီးသွားတယ်..
ကျွန်တော်တို့အရင်းပြုတ်ပြီ...လူကြီးရယ်.."ထိုကောင်လေးစကားကြောင့်ဂျောင်ကုမျက်နှာ
သည်သုန်မူန်လျှက်။ဆင်းရဲတယ်ဆိုတဲ့လူတန့်း
စားမှာအပေါဆုံးကအကြွေးတွေလေ။အဲ့မိုးလောက်မြင့်တဲ့အကြွေးတွေကလည်းမရှာမဖွေ
မစုမဆောင်းတဲ့အပြင်ပိုက်ဆံကိုစည်းမဲ့ကမ်မဲ့
သုံးတတ်သည့်အကျင့်စရိုက်ကြောင့်လူဆင်းရဲ
တွေကမွဲသထက်မွဲနေသည်မဟုတ်ပါလား။ထယ်ယောင်းလည်းအဲ့လိုအမျိုးအစားကသာ
ဖြစ်ပါလိမ့်မည်။"တောင်း...တောင်းပန်ပါတယ်...ကျွန်တော်ဝမ်းနည်းပြီး..ဦးကိုအလွန့်အကျွံပြောမိလိုက်တယ်...သွားခွင့်ပြုပါဦး.."
အေးစက်နေသောမိုးရေစက်တွေကြောင့်ထယ်
ယောင်းတစ်ကိုယ်လုံးချမ်းတုန်လျှက်။ရင်ထဲက
ဆို့နင့်နေတဲ့အကြောင်းအရာတွေကိုလူတစ်ယောက်အားရင်ဖွင့်ခဲ့ရလို့ထင်...အနည်းငယ်တော့စိတ်သက်သာရာရသွားသည်။ထိုထီးအမိုးအောက်ကထွက်လိုက်သည်နှင့်အေး
စိမ့်သောလေကိုခံစားလိုက်ရသလိုစိုစွတ်သော
မိုးအထိတွေ့ကိုလည်းခံစားမိလိုက်သည်။အခု
ချိန်ထယ်ယောင်းမှာထီးတစ်ချောင်းမျှပင်မရှိ။
နေပူလျှင်အကာအကွယ်ဖြင့်ဆောင်းတတ်တဲ့
ဦးထုပ်လေးမှာအခုမိုးရေကြောင့်ရေစက်လက်နဲ့
မြင်မကောင်းရူမကောင်းသည်မို့ခေါက်သိမ်း
ထားရသည်။
