Part. .23

8.6K 1.1K 102
                                    

အိမ်မက်တွေကမြူနှင်းတွေကြားမှာလမ်းလျှောက်နေ
သလိုပင်မသဲမကွဲ။အဖြူရောင်သတို့သမီးဝတ်စုံနှင့်သူ
မသည်အစိမ်ရောင်မြက်ခင်းပြင်ကြီးကိုမရပ်မနားဖြတ်
ပြေးလာသည်။သူမချွေးတွေထွက်ပြီးမောဟိုက်နေ
တာတောင်သူမခြေလှမ်းတွေမရပ်တန့်နိုင်ခဲ့။ဆောယာ
ပြေးပြီးရင်းပြေးနေခဲ့တယ်။အစိမ်းရောင်မြက်ခင်းစိမ်း
တွေရဲ့အဆုံးမှာအနီရောင်ဘုရားကျောင်းကြီးကိုဘွား
ကနဲဆိုသလိုသူမတွေ့လိုက်ရသည်။ဆောယာသည်
ဘုရားကျောင်းရဲ့ပွင့်ဟနေတဲ့သံတံခါးကြီးကနေပြေး
ကာဝတ်ပြုခန်းမထဲသို့ခြေလှမ်းကျယ်ကြီးတွေနဲ့ပြေး
ဝင်လာခဲ့သည်။နေရောင်ပျောက်ပျောက်ကသူမနဲ့ဘုရား
ကျောင်းလျှောက်လမ်းပေါ်ကျရောက်နေပြီးအုံမိူင်းနေ
သယောင်။ဆောယာရဲ့ခြေထောက်တွေသည်ရပ်တန့်
မရအောင်ပြေးလွှာရင်းဝတ်ပြုခန်းမကြီးတံခါးကိုဝုန်း
ကနဲဆွဲဖွင့်လိုက်သည်။

ဂျွန်..ဂျွန်သည်လူအများအလယ်မှာမိန်းမတစ်ယောက်နဲ့
မဂ်လာဆောင်နေသည်။အဖြူရောင်ဝတ်စုံဝတ်သတို့
သမီး၏အနက်ရောင်ဆံနွယ်ရှည်များသည်ခါးထက်သို့
ဝဲကျလျှက်။ဘေးတိုက်အနေအထားအရဆောယာ
ဂျွန်နဲ့လက်ထပ်တဲ့သတို့သမီး၏ပုံပန်းသွင်ပြင်ကိုကောင်း
စွာမမြင်ရပါ။မဂ်လာပွဲကိုလာရောက်ချီးမြှင့်ကျတဲ့လူတွေ
ကလည်းနည်းတာမဟုတ်။အားလုံးရဲ့အားကျတဲ့အကြည့်
တွေကထိုအဖြူရောင်သတို့သမီးလေးဆီမှသာ။

အပြန်အလှန်လက်ထပ်လက်စွပ်လဲမဲ့အချိန်တွင်သူမ
ရင်တွေပူလာရသည်။ဂျွန်ဂျောင်ကုမှာဆောယာတစ်
ယောက်လုံးရှိပြီးသားလေ။

ဂျွန်....ကျွန်မကရှင့်ရဲ့တရားဝင်ဇနီးသည်။

"ဂျွန်....."

အာခေါင်ခြစ်အော်လိုက်သောဆောယာ၏အသံအကျယ်
ကြီးသည်..Hall ခန်းတစ်ခုလုံးပျံနှံသွားပေမဲ့ဘယ်သူမှ
မကြားသလိုပင်။သို့သော်ဆောယာအသံကိုကြားပုံရသည့်အဖြူရောင်သတို့သမီးလေးမှာသူမဘက်ခေါင်းလှည့်လာသည်။

ဘုရားသခင်...

ထိုအဖြူရောင်သတို့သမီး၏မျက်နှာကိုမြင်လိုက်ရချိန်
ဆောယာသည်ဘုရားတမိလိုက်ရသည်။ထိုသတို့သမီး
မှာသူနဲ့ချွတ်စွပ်တူနေသည်။

King Of My HeartWhere stories live. Discover now