သီချင်းသံငြိမ့်ငြိမ့်လေးပျံလွင့်နေတဲ့ရိုးရာစား
သောက်ဆိုင်။ထိုဆိုင်လေးရဲ့ထောင့်ဆုံးစားပွဲ
လေးတွင်လှပသောမိန်းကလေးနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်နေသည်။Smartကျစွာ
ဝတ်စားဆင်ယဥ်ထားသည်ကိုကြည့်လိုက်သည်
နှင့်သူတို့ကCompanyတစ်ခု၏အကြီးတန်းဝန်
ထမ်းများဆိုတာသိသာသည်။ဆောယာသည်အရှေ့ကလက်ဖက်စိမ်းဂျင်ဆင်း
ရည်အားတစ်ငုံချင်းတစ်ငုံဖြည်းညှင်းစွာသောက်
နေသည်။ဆောယာနဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ဟန်ချင်း
ကတော့တူကိုကျွမ်းကျင်စွာအသုံးပြုရင်းသူမပန်းကန်လုံးထဲကိုဝက်သားကင်တစ်ဖက်လာ
ထည့်ပေးသည်။"မမစား...ဒါတွေအားလုံးညီမလေးရှင်းမှာ..."
ဟန်ရင်းသည်သူမဒကာခံမည်ကြောင်းချစ်စ
ဖွယ်ပြောလာသည်။"အဲ့ဒါထက်...ပြောစရာစကားရှိတယ်ဆိုပြောလေ"
ဟန်ချင်း၏မျက်လုံးလေးများသည်မြင့်တက်
သွားပြီးမျက်နှာမှာလည်းအိုးမလုံအုံပွင့်သည့်
ပုံမျိုး..နောက်ပြီးဟန်ချင်းပုံစံကဆောယာအား
တစ်ခုခုပြောဖို့တွန့်ဆုတ်အားနာနေဟန်။ဆောယာလည်းစိတ်မရှည်နိုင်တော့ဘဲ
"ပြောစရာရှိတာပြောပါ....နင်ပြောမှဒီကိုလာ
တဲ့ငါ့အချိန်တွေအလကားမဖြစ်မှာပေါ့..."ဆောယာစိတ်ကွက်သွားပြီအထင်နှင့်ဟန်ချင်း
သည်ပြာပြာသလဲလဲ"မကြီးစိတ်မဆိုးရဘူးနော်...အခုသမီးပြောမဲ့
စကားကို...""နင်မပြောမှငါစိတ်ဆိုးမှာ..."
ဆောယာကခပ်ပြုံးပြုံးလေးပြန်ပြောလိုက်သည်။
စိတ်ဆိုးစိတ်ကောက်ခြင်းဆိုသည်မှာဆောယာဘဝမှလုပ်ခွင့်မရှိသောအရာများသာ။ဖူးဖူးမူတ်ပတ်ဝန်းကျင်အလိုလိုက်ခံထားရတဲ့ရွှေမင်းသမီးလေးမဟုတ်တော့စိတ်ဆိုးစိတ်ကောက်ခြင်းထက်သူမသည်သူမခံစားချက်အတိုင်းပြသနာကိုဒဲ့ဖြေရှင်းသည်။ဟန်ချင်းသည်ချောင်းတစ်ချက်ဟန့်ရင်းဆောယာအားတစ်ချက်ခိုးကြည့်လိုက်သည်။ဆော
ယာကသူမစကားကိုအပြည့်အဝအာရုံစိုက်နား
ထောင်နေသည်ဆိုမှသူမစကားဆက်ပြောတော့
သည်။