မြို့ပြနှင့်ဝေးရာနယ်မြို့လေးကိုခြေချလိုက်သည်နှင့်
ထယ်ယောင်းတစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းသွားရသည်။ဒယ်ဂူးမှာငယ်ငယ်ကတည်းအစ်ကိုလိုခင်တွယ်
ရသည့်ဖျောင်ချန်းရှိပြီးအစ်ကိုဖျောင်ချန်း၏မိန်းမယူ
အွန်းသည်လည်းထယ်ယောင်းနဲ့အတော်ခင်သည်။လင်
မယားနှစ်ယောက်လုံးကငွေရှာမပျင်းဘဲဘဝအတွက်
ကြိုးစားချင်စိတ်ရှိသူတွေမို့တက်ညီလက်ညီနဲ့ကြိုးစား
လိုက်ရာအိမ်ထောင်သက်လေးငါးနှစ်အတွင်းကိုယ်ပိုင်
စားသောက်ဆိုင်လေးတစ်ဆိုင်ပိုင်ဆိုင်ခဲ့သည်။ထယ်
ယောင်းလည်းထိုစားသောက်ဆိုင်လေးမှာပင်တောက်
တိုမယ်ရဝင်လုပ်ဖို့တွေးကာထွက်လာခဲ့သည်။သူ..
ထိုဆိုင်လေးဆီအရောက်အစ်ကိုဖျောင်ချန်းကိုမနည်း
ရှာယူရသည်။"ဒီကမောင်လေး...ဘာများသုံးဆောင်မလဲ..."
အနားကိုရုတ်ချည်းရောက်လာကာပြုံးပြလာတဲ့အမျိုး
သမီး။ထိုအမျိုးသမီးကထယ်ယောင်းကိုချက်ချင်းမမှတ်
မိပေမဲ့ထယ်ယောင်းကတော့ထိုအစ်မကြီးအားမှတ်မိ
ပါသည်။ထို့ကြောင့်သွားတန်းလေးတွေပေါ်အောင်ပြုံးကာ"မမှတ်မိတော့ဘူးလား...အစ်မယူအွန်း..ကျွန်တော်က
ကင်မ်ထယ်ယောင်းပါ..."ထိုအခါမှအစ်မယူအွန်းသည်သူတစ်ကိုယ်လုံးကိုစေ့စေ့ပေါက်ပေါက်ကြည့်ကာ
"မမှတ်မိတော့ဘူး..မင်းနဲ့မင်းအဖွားဒယ်ဂူးကနေပြောင်း
သွားတော့မင်းကငယ်ငယ်လေးပဲရှိသေးတာ..အခုတော့..
အရမ်းချောပြီးကြည့်ကောင်းတဲ့လူပျိုလေးဖြစ်လာ
တော့..ငါမမှတ်မိတာမဆန်းတော့ဘူး..."မမယူအွန်းသည်ထယ်ယောင်းချောမောခန့်ညားစွာကြီး
ပြင်းလာသည်ကိုကြည့်ကာပီတိအပြုံးတွေဝေလျှက်။
ထို့နောက်လက်မောင်းရင်းကနေဆွဲကာ"လာ..ဆိုင်မှာတစ်ခုခုစားသွား...မင်းအစ်ကိုကဒီဆိုင်
ရဲ့စားဖိုမူး...ငါသူ့ကိုတစ်ခုခုပြေးလုပ်ခိုင်းလိုက်မယ်..."ဒါကြောင့်ဆိုင်ထဲစစဝင်ကတည်းကအစ်ကိုဖျောင်ချန်း
ကိုမတွေ့ရတာ..လက်စသတ်တော့သူကမီးဖိုဆောင်
ထဲရောက်နေတာပဲ။ထယ်ယောင်းအတွေးမဆုံးလိုက်
မီးဖိုးချောင်ထဲကအစ်မယူအွန်းနဲ့အစ်ကိုဖျောင်ချန်းပါ
အတူထွက်လာသည်။
![](https://img.wattpad.com/cover/277213055-288-k587394.jpg)