ရီဝေထိုးကိုက်လာတဲ့ခေါင်းနဲ့အတူမနက်ခင်းရာသီဥတုအခြေအနေကသိပ်မကောင်လှ။မနေ့တုန်းကအရက်သောက်တာတွေများပြီးအိမ်ကိုဘယ်လိုဘယ်ပုံရောက်လာမှန်းတောင်ဂျောင်ကုမသိတော့။
ကျွီဆိုတဲ့တံခါးဖွင့်သံလေးနဲ့အတူအခန်းထဲဝင်လာတဲ့ခြေဖဝါးလေးကြောင့်ဂျောင်ကုအားယူကာခေါင်းမော့ကြည့်လိုက်သည်။
"လူကြီးနိုးလာပြီလား...အမူးပြေဟင်းချိုလေးသောက်လိုက်ဦး..."
ထယ်ယောင်းသည်နူးညံ့နွေးထွေးစွာပြုံးပြလာသည်။ထိုအပြုံးလေးသည်ပင်မနက်ခင်းလေးနေရောင်ခြည်ပမာနှယ်တောက်ပလွန်းသည်။
"ညက...ဘယ်လိုလုပ်ပြန်ရောက်လာတာလဲ..."
"လူကြီးမူးပြီးကားမောင်းလာတာလေ...."
ဂျောင်ကုကိုယ့်ကိုကိုယ်သာ..အပြစ်တင်နေမိသည်။အစကတည်းကသူကကားမောင်းကြမ်းတဲ့အထဲတွင်ပါသည်။မူးကလည်းမူးသေးဆိုတော့စဉ်းစားကြည့်လိုက်တာနဲ့တင်ဘယ်လောက်အန္တာရယ်များမှန်းတွေးကြည့်ရုံနဲ့တင်ကြောက်ဖို့ကောင်းနေပြီ။အိမ်အထိအကောင်းပတိပြန်ရောက်တာကိုပင်ကံကောင်းသည်ဟုဆိုနိုင်သည်။
"မင်းမမရော..."
ထယ်ယောင်သည်ပြုံးကာပင်
"အောက်မှာရှိတယ်..လူကြီးစားဖို့မနက်စာလုပ်ပေးနေတယ်..ကြည့်ရတာမမဒီနေ့ခွင့်ယူမဲ့ပုံပဲ."
ပုံမှန်ဆိုဒီစကားကိုကြားလျှင်အပျော်လုံးစို့သွားမည်သာ။အခုတော့..အဲ့လိုမဟုတ်..စိတ်ထဲနောက်ကျိနေသည်။ဟိုတစ်လောကဘူဆန်ဂရိဘောဂဟောင်းစက်ရုံလေ လံတင်ပွဲကိုလက်လွှတ်ခဲ့လို့ရှယ်ယာရှင်တော်တော်များသည်လည်းဂျောင်ကုအပေါ်မကျေမနပ်မေးခွန်းထုတ်လာကြသည်။ဒါတွေကိုလည်းဂျောင်ကုခေါင်းကိုက်မတတ်ရှင်းရအုံးမည်။
"ဒါလေးသောက်ပြီးရင်..အောက်ဆင်းလာခဲ့နော်..."
ထယ်ယောင်းထွက်သွားသည်နှင့်ဂျောင်ကုစိတ်ညစ်ညူးစွာကျန်နေခဲ့သည်။ရေမိုးချိုးကာအသင့်ထုတ်ပေးထားသောအဝတ်အစားတွေကိုလဲပြီးအောက်ထပ်သို့ဆင်းလာခဲ့သည်။
