ညနေစောင်းရောက်သည်နှင့်ဂျောင်ကု..ထယ်
ယောင်းကိုခေါ်ကာဂီတပွဲသို့ထွက်လာခဲ့သည်။
ထယ်ယောင်းအတွက်တာဒါကအတွေ့အကြုံ
အသစ်ပင်။သူတစ်ခါမှဒီလိူအဆင်အတန်းမြင့်
မြင့်ပွဲတွေမတက်ဖူးပါ။ထယ်ယောင်းဘဝတစ်
လျှောက်လုံးက..လောကဓံကိုခံရင်းလမ်းဘေး
မှာစားဝတ်နေရေးအတွက်ရုန်းကန်ခဲ့ရသည်။
ငယ်စဥ်ကတည်းကမိဘတွေဘယ်သူဘယ်ဝါမှန်း
မသိသူစွန့်ပစ်ခံခဲ့ရသည်။အဖွားကကောက်ယူ
မွေးစားလို့သာသူဒီနေ့အထိအသက်ရှင်နေခြင်း
ပင်။"အရမ်းစိတ်လူပ်ရှားနေတာလား..."
"ကျွန်တော်တစ်ခါမှဒီလိုပွဲမျိုးမတက်ဖူးဘူးလေ.."
ပွင့်ပွင့်လင်းလင်းပြောလာသောထယ်ယောင်း
စကားကြောင့်ဂျောင်ကုခပ်ဖွဖွရီလိုက်သည်။
ဒီကလေးကဂျောင်ကုအတွက်ဟန်ဆောင်မူ့သိပ်
ကင်းတာဘဲ။"နောက်ဆို...ဒီလိုပွဲမျိုးတွေများများခေါ်သွားပေးမယ်...ထယ်ယောင်းကို..."
ထယ်ယောင်းမချိသာလေးဖြစ်သွားရသည်။
သူကဂျောင်ကုရဲ့အိမ်ဖော်သာသာအလုပ်သမား
ပါ။ဘယ်အလုပ်သမားကအလုပ်ရှင်နဲ့အတူတူ
ပွဲလမ်းသဘင်တက်တာမြင်ဖူးသလဲ။အချိန်
တန်ကျရင်သူကစည်းတစ်ခုအပြင်ကလူသာ။
အရံလူကအရံလူသာဖြစ်ထိုက်ပြီးသူဘယ်တော့
မှာမမဆောယာရဲ့နေရာကိုလုယူမည်မဟုတ်ပေ။အသက်နှင့်အမျှသူဂျောင်ကုဆိုသောလူကို
ချစ်ပါသည်။သို့သော်..ဘယ်တော့မှရယူပိုင်ဆိုင်
ဖို့ကြိုးစားလိမ့်မည်မဟုတ်ပါ။"ယောင်း....ဘာတွေစဥ်းစားနေပြန်ပြီလဲကွာ..
ကိုယ်တို့ရဲ့လက်ရှိအချိန်လေးမှာပျော်ပျော်
လေးနေကြရအောင်...""အခုလက်ရှိအချိန်က...လူကြီးအတွက်ပျော်ဖို့
ကောင်းနေလား...ကျွန်တော့်အတွက်တော့
အရမ်းပင်ပန်းတယ်...လူထက်ကျွန်တော့စိတ်က
ပိုပင်ပန်းတယ်..."ထယ်ယောင်းသည်ကားပြူတင်းပေါက်ဘက်
ကိုငေးကြည့်ရင်းလေပူတွေသာမူတ်ထုတ်လိုက်သည်။လူကြီးပြောတဲ့ပျော်စရာအချိန်ဆိုတာ
ဒီလိုအနေအထားကြီးနဲ့ဆိုရင်သူမပျော်ရလဲ
နေပါစေတော့။