"ဘာ...အိမ်ပြောင်းရမယ်...မဟုတ်သေးပါဘူး..
ဒီအိမ်ကလည်ထယ့်အတွက်သေးပေမဲ့အဆင်ပြေ
တုန်းပဲလေ..."မနက်မိုးလင်းအိမ်ကိုကားနဲ့လာကြိုတဲ့အပြင်အိမ်
ပြောင်းရမယ်လို့ဆိုလာသောဂျောင်ကုစကား
ကြောင့်ထယ်ယောင်းအပီအပြင်ကိုငြင်းဆန်တော့သည်။ဂျောင်ကုကတော့သိပ်ဂရုစိုက်ပုံ
မပြ။အေးဆေးကားမောင်းနေရင်း"မင်း...နေတဲ့နေရာနဲ့ငါ့အိမ်နဲ့ကဝေးကဝေးရယ်..
ခရီးကလည်းထောက်တဲ့အပြင်..ကားစရိတ်နဲ့
မင်းပင်ပန်းတာနဲ့မကာမိဘူး..အဲ့တော့မင်းအိမ်
ပြောင်းရမယ်...""အခုခေတ်ကအိမ်ဌားတဲ့စျေးကကြီးကကြီးနဲ့..
တစ်နေရာနဲ့တစ်နေရာပြောင်းရရွေ့ရဖို့ဆိုတာ
လွယ်တာကြနေတာပဲ...နောက်ပြီးဒီလိုစျေးပေါ
ပေါအခန်းရဖို့ခက်တယ်...ထယ်အချိန်မီအလုပ်
ဆင်းနိုင်တာပဲ...ဒီမှာပဲနေခွင့်ပြုနော်..."ထယ်ယောင်းကသူ့အခက်အခဲကိုရှင်းပြလာသည်။ဂျောင်ကု ကားကိုဂရုတစ်စိုက်မောင်း
ရင်းနဲ့ပင်ဘေးနားကထယ်ယောင်းကိုလှမ်းကြည့်
လိုက်သည်။"မင်း...ကိုကိုယ့်ပိုက်ဆံနဲ့ကိုယ်အိမ်ဌားရမယ်လို့
ကိုယ်တစ်ခွန်းမှမပြောသေးဘူး...မင်းကိုယ်ပိုင်
တဲ့တိုက်ခန်းမှာပြောင်းနေမလားဒါမှမဟုတ်
ကိုယ်အိမ်မှာနေစားစရိတ်ငြိမ်းလိုက်နေမလား..."အာ့ယိုး...ထယ်ယောင်းစိတ်ရူပ်ရူပ်နဲ့ခေါင်းကဆံ
ပင်တွေကိုဆွဲဖွလိုက်သည်။ဘယ်အလုပ်ရှင်က
ကိုယ့်အိမ်ကဟင်းချက်ထမင်းချက်အိမ်ဖော်သာ
သာကိုအဲ့လောက်ကောင်းဖူးလို့လဲ။"အဆင်မပြေဘူး...နှစ်ခုလုံး..ကျွန်တော့်အိမ်လေး
နဲ့ပဲကျွန်တော်နေပါရစေ..."ထယ်ယောင်းနောက်ဆုံးဆုံးဖြတ်ချက်ကိုခိုင်မာ
စွာဖွင့်ပြောလိုက်သည်။သူ..သူများအိမ်ကိုအလ
ကားတက်မနေချင်ပါ။ဂျောင်ကုလေပူတွေကိုတစ်ချက်မူတ်ထုတ်လိုက်
သည်။"အဲ့ဒါဆိုအလုပ်ထွက်လိုက်..."
ပြတ်ပြတ်သားသားပြောလိုက်တဲ့ဂျောင်ကုစကား
တွေကြောင့်ထယ်ယောင်းဂျောင်ပိတ်မိနေတော့
သည်။ဘာလို့လူကြီးကအဲ့လောက်ပြောရဆိုရ
ကျပ်ရတာပါလိမ့်။