ဒီလိုနဲ့ထယ်ယောင်းမှာနှစ်ရက်သုံးရက်လောက်အထိ
အပြင်မထွက်ရ၊ကျောင်းမသွားရဘဲထိုတိုက်ခန်းထဲ
တွင်သာအကျယ်ချုပ်ပိတ်မိနေတော့သည်။ထယ်ယောင်း
ကျောင်းမသွားသလိုဂျောင်ကုလည်းလုံးဝရုံးမသွားပါ။
အချိန်တိုင်းလိုလို...ဒီတိုက်ခန်းလေးထဲတွင်နှစ်ယောက်သားလှည့်ပတ်ရင်းအချိန်တွေကုန်ဆုံးသွားရသည်။
ထယ်ယောင်း...ဘယ်လိုပဲအပြင်ထွက်ဖိုခြေလှမ်းစစ
ဂျောင်ကုကခါးသီးစွာငြင်းပယ်ပြီးသားပင်။ဒီလို
လေထုနဲ့ဝေးကွာနေတဲ့နေရာ၊လူတွေနဲ့ဝေးတဲ့နေရာ
လေးမှာဘယ်လောက်ကြာကြာပိတ်လှောင်ပြီးနေ
နိုင်ပါ့မလား။"ယောင်း...ဘာတွေတွေးနေတာလဲ..."
ဂျောင်ကု..Ph သုံးရင်းပင်ထယ်ယောင်းပေါင်ကိုခေါင်း
အုံးလုပ်ကာအိပ်နေသည်။ထယ်ယောင်းကအရှေ့က
TV အစီအစဥ်ကိုဖွင့်ထားသည်ဆိုသော်ငြားအာရုံက
ထိုနေရာတွင်ရှိပုံမရ။ဝိဥာဏ်မဲ့သူကြီးပမာငူငိုင်နေသည်။"ကျွန်တော်တို့ဒီအတိုင်းပဲနေသွားကြမှာလား..
လူကြီးအိမ်ကိုမပြန်တော့ဘူးလား...လူကြီးမှာစောင့်
နေမဲ့ဇနီးသည်ရှိတယ်လေ...သူ့ကိုရောလူကြီးထည့်
မတွေးတော့ဘူးလား..."ဂျောင်ကုခေါင်းကိုထယ်ယောင်းဗိုက်နားကိုပိုပိုတိုး
ကပ်ကာကိုယ်သင်းရနံလေးကိုရူရိူက်လိုက်သည်။
ဒီကောင်လေးဆီကရနေတဲ့ခပ်ပေါပေါရေမွှေးရနံလေး
ကဂျောင်ကုအတွက်တစ်ကယ့်နာမည်ကြီး..Brand
တွေနဲ့တောင်ယှဥ်လို့မရ။သူကကင်မ်ထယ်ယောင်း
ကိုချစ်သည်မို့ကင်မ်ထယ်ယောင်းရဲ့အရာရာကိုလည်း
မြတ်နိုးတန်ဖိုးထားတတ်လာသည်။"ကျွန်တော်ပြောတာ..ကြားလား...ဒီအတိုင်းကြီးနေလို့
မဖြစ်ပါဘူးဆို..."ထယ်ယောင်းနူတ်ခမ်းသည်အလိုလိုဆူထော်သွားရပြီး
လက်ချောင်းလေးတွေကဂျောင်ကုရင်ဘတ်ကအကျီ
စလေးအားကိုင်ကာဆွဲလူပ်လာသည်။"ကိုယ်...မနက်ဖြန်မနက်ကျရင်ဆောယာဆီပြန်သွား
ပြီးအားလုံးဝန်ခံလိုက်တော့မယ်...ကိုယ်တို့နှစ်ယောက်
အကြောင်းကို.."ထယ်ယောင်းထိုစကားကြောင့်အနည်းငယ်တုန်လူပ်
သွားရသည်။အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့
ဒီဇာတ်လမ်းကြီးမှာထယ်ယောင်းတတ်နိုင်သလောက်
ကိုယ့်စိတ်ကိုကိုယ်စောင့်ထိန်းခဲ့ပါသည်။ဒီလိုအစား
ထိုးခံရတဲ့နေရာလေးတစ်နေရာအတွက်အားမလိုအား
မရဖြစ်ကာဝမ်းနည်းနေပေမဲ့အချိန်တန်တော့လည်း
ကြည်ဖြူစွာရှောင်ထွက်ပေးခဲ့ပါသည်။အရာရာကို
ဥပက္ခာပြုကာဒီသုံးပွင့်ဆိုင်ဇာတ်လမ်းကြီးကခွဲ
ထွက်ချင်ပါသော်လည်းလူကြီးနဲ့သူ့ရေစက်ကမကုန်သေး။ဒီအချိန်မှာ..ထယ်ယောင်းအတွေးထဲမှာ
မမဆောယာအား..အားနာရှက်ရွံနေမိသည်။အခုလော
က်ဆိုမမဆောယာလည်းသူ့အပေါ်ရွံလောက်ရောပေါ့။
![](https://img.wattpad.com/cover/277213055-288-k587394.jpg)