ထိုနေ့ည Dinner ပွဲကပြန်လာပြီးကတည်း
ကဆောယာစိတ်ထဲနောက်ထပ်ပြသနာတစ်ခု၊
အပူအပင်တစ်ခုတိုးလာရသည်။ဒါက ကလေး
ပြသနာပင်။သူနဲ့ဂျောင်ကုလက်ထပ်ထားတာ
ငါးနှစ်နီးပါးရှိပြီဖြစ်ခဲ့သော်လည်းအခုချိန်ထိရင်
သွေးရတနာ ရရှိခြင်းမရှိခဲ့ပေ။ဆောယာအ
နောက်မှအိမ်ထောင်ကျသွားတဲလူများကတန်း
စီးကာကလေးတွေတသီတသန်းနဲ့သူမအားကျော်
ကြသည်။ဆောယာကတော့အခုထိဂျွန်မိသားစုမျိုးဆက်
မမွေးဖွားနိုင်သေးပါ။အခုတလောသူမကြိုး
စားကြည်သည်အကြိမ်ကြိမ်စပ်ယှက်ဖို့အတွက်။
ဒါပေမဲ့သူ့ယောကျာ်းဂျွန်ဂျောင်ကုသည်တစ်နည်း
မဟုတ်တစ်နည်းရှောင်ထွက်သွားတာချည်း။ရက်တွေကြာလာတာနှင့်အမျှသူမ..သိသိလာရတဲ့အကြောင်းအရာတစ်ခုကသူမယောကျာ်းသူမ
အပေါ်အချစ်လျှော့ကာအေးစက်သွားသည်ဆို
တဲ့အချက်ပင်။အရင်တုန်းက ဂျွန်ဂျောင်ကုသည်
ဆောယာအပေါ်နွေးထွေးသည်၊ဂရုစိုက်သည်၊
ကြင်နာတတ်သည်။ဘယ်အချိန်ဘယ်အခါမဆို
အိမ်ထောင်သည်ယောကျာ်းတစ်ယောက်၏
တာဝန်ဝတ္တရားကိုပေါ့လျှော့မနေ။အမြဲတစေ
သူ့မိသားစုသူချစ်သောဇနီးမယားအပေါ်ကောင်း
ပေးချင်ခဲ့သည်။ဆောယာသည်အတွေးနယ်ပယ်တစ်ခုမှာလွင့်
မျောလျှက်။သူမသည်ပူနွေးနွေးကော်ဖီတစ်ခွက်
ကိုအရသာခံသောက်နေသော်ငြားနှလုံးသားသည်
နွေးထွေးသည့်အရသာကိုမခံစားရ။အရင်အချိန်
တွေတုန်းကသူမအမှားတွေသည်အခုမှလာပြီး
အကျိုးဖြစ်ထွန်းကာအသီးအပွင့်တွေတောင်ဝေဝေဆာဆာပွင့်နေပြန်သည်။ဆောယာတက္ကသိုလ်တစ်ဖက်နှင့်ငွေရဖို့အတွက်
အလုပ်လုပ်ခဲ့သည်။သူမကဆင်းရဲသူပီပီအမြဲ
တမ်းငွေလိုအပ်နေသည်။ဒီနေ့တစ်နေ့ထမင်းစား
ပြီးရင်မနက်ဖြန်စားဖို့အတွက်အသဲအသန်ရှာရ
တဲ့လူမျိုး...သူမ က SKY LINE Company
ရဲ့သာမာန်တောက်တိုမယ်ရအလုပ်သမားဘဝက
နေစတင်ခဲ့သည်။အဲ့အချိန်တုန်းကအခုသူမကို
မနာလိုနေတဲ့လီဟန်ချင်းမှာ..Company ရဲ့
အထက်တန်းစာရေးမတောင်ဖြစ်နေပြီ။Company မှာသူမထက်ရာထူးနိမ့်တာဆိုလို့
သန့်ရှင်းရေးဝန်ထမ်းသာရှိပါလိမ့်မည်။အမြဲ
တမ်းလိုလိုထမင်းချိုင့်ဆွဲ ပြီးအကျီခပ်နွမ်းနွမ်း
နဲ့ရုံးတက်လာတဲ့သူမကိုတစ်ရုံးလုံးကနှာခေါင်း
ရူံ့ကြသည်။သူမဘယ်လောက်ပဲ ကြိုးစားကြိုး
စားတစ်ရုံးလုံးကမျက်နှာသာမပေးကြ။မကြာ
ခဏဆိုသလိုတစ်ချို့ရာထူးကြီးကြီးလူတွေ
ရဲ့ဒေါသပုံချခံလူတန်စားဖြစ်ခဲ့ရပြီးထိကပါး
ရိကပါးကျူးကျော်ရန်စတာကိုလည်းသည်းခံ
လာခဲ့ရပြန်သည်။
![](https://img.wattpad.com/cover/277213055-288-k587394.jpg)