Part(20)

10.1K 1.1K 112
                                        

တစ်ပတ်အတွင်း...ဆောယာမှာအကြီးအကျယ်
စိတ်ဓာတ်ကျလာရသည်။သူမဟာ...သူမ
မသက်ဆိုင်ဖူးထင်တဲ့ LGBT အသိုက်အဝန်း
အကြောင်း websites တွေကနေတစ်ကူးတစ်
ကလိုက်ရှာကြည့်မိတယ်။ အကြောင်းအရာတွေ
တစ်မျိုးပြီးတစ်မျိုးရှာဖွေရင်းမတူကွဲ ပြားတဲ့
အချက်အလက်တွေကိုရှာဖွေတွေ့ရှိလာတယ်။
နောက်ဆုံးထို Gay အမျိုးသားစုံတွဲတွေကအိမ်
ထောင်ပြုပြီးဆေးဝါးအကူအညီယူကာကလေးမွေးနိုင်တဲ့အထိ...ဆောယာသိလိုက်သောအခါ
နည်းနည်းတော့တုန်လူပ်သွားမိသည်။

ဘယ်မှာလဲ..သူနဲ့ဂျွန်ရဲ့ရင်သွေးလေ။တစ်ခြားအိမ်ထောင်သည်တွေဆိုဒီလိုကွဲရာအက်ရာဗလပွ
ရှိလာသောအခါကလေးမျက်နှာကြည့်ဦးလို့
ပြောလို့ရပေမဲ့သူမတို့အိမ်ထောင်မှာတော့သား
သမီးမရှိလို့ဘယ့်သူမျက်နှာကြည့်ခိုင်းရမလဲ
မသိပါ။ထယ်ယောင်း..ထယ်ယောင်းကိုလည်းသူမအရမ်းတကောမစွပ်ဆွဲချင်။ဒီကလေး
ကဆောယာအရှေ့မှာအရမ်းကိုဖြူစင်လွန်းတယ်။စည်းစောင့်တယ်။ရိုသေတမူ့ရှိတယ်။

ဒါတွေအကုန်လုံးကဟန်ဆောင်မူ့တော့မဖြစ်နိုင်
ဘူမလား။ဆောယာ..ခုံနောက်ကျောလေးကိုမှီ
ချရင်းအသက်ကိုဝအောင်ရူလိုက်သည်။တစ်ကနေတစ်ဆယ်အထိရေကာဒီအကြောင်းတွေကို
ခေါင်းထဲကနေထုတ်ပြစ်ဖို့ကြိုးစားသည်..မရ။သူ
မဘယ်လောက်ပဲဒါဟာမဟုတ်လောက်ဘူးလို့
​ဖြေသိမ့်နေပါစေတစ်ခြားတစ်ဖက်ခြမ်းကဒါ
ကဖြစ်လောက်တယ်ဆိုပြီးစိုးရိမ်ပူလောင်နေသည်။ဆောယာမျက်ဝန်လေးတွေသည်အရှေ့က Ph လေးဆီသို့အကြည့်ရောက်သွားသည်။
သူမနိုင်ငံခြားကိုရောက်နေတာဒီနေ့နဲ့ဆိုလေးရက်။အခုချိိန်ထိသူမကလည်းဂျောင်ကုကို
လုံးဝမဆက်သွယ်မိသလိုဂျောင်ကုကလည်းသူမ
ဆီ..ရောက်ပြီလားအဆင်ပြေသလားမေးရုံ
လောက် Ph တစ်ကြိမ်ပဲဆက်ခဲ့သည်။သူမခရီး
သွားရင်ဂျွန်ကိုဘယ်တော့မှ..Ph ဆက်သွယ်လေ့
မရှိ။ဒါကြောင့်နောက်ပိုင်းအကျင့်ရသွားကာဂျွန်
ဘက်ကလည်းဆောယာကို Ph မဆက်သွယ်တော့ပါ။

ဆောယာရဲ့ဖြူဖွေးနေသောလက်တစ်စုံသည်
Ph အားအကြိမ်ကြိမ်ကိုင်ဖို့ကြိုးစားမိသည်။သူ
မဘာကြောက်နေတာလဲ..တစ်ဖက်ကသူမယူ
ထားတဲ့အမျိုးသားလေ။ကိုယ့်ယောကျာ်းနဲ့
ကိုယ် Ph ပြောရမှာကြောက်စရာလည်းမဟုတ်
သလိုဝန်ထုပ်ဝန်ပိုးလည်းမဟုတ်။

King Of My HeartWhere stories live. Discover now