Part(18)

9.5K 1.1K 96
                                    

ညနေစောင်းရုံးဆင်းသည်နှင့်ဂျောင်ကုအိမ်ကို
တန်းပြန်လာခဲ့သည်။အိမ်မှာထယ်ယောင်းတစ်
ယောက်တည်းမဟုတ်လား။ဟိုတုန်းကဆိုသူ
အိမ်မပြန်ချင်ရင်ကားတစ်စီးနဲ့ထင်ရာလျှောက်
လွင့်နေကြ။မီးတွေမှောင်မဲကာအေးစက်စက်
အထီးကျန်နေတဲ့အိမ်ကြီးကတစ်မျိုးတစ်ဖုံတော့
စိတ်ခြောက်ခြားစမြဲ။ထယ်ယောင်းရောက်လာ
မှထိုအိမ်ကြီးသည်လူနေထိုင်သည့်အိမ်နှင့်တူ
လာပြီးနေချင်ထိုင်ချင်စဖွယ်ဖြစ်လာရသည်။

ဘာပဲဖြစ်ဖြစ်သူအိမ်ပြန်လာရင်..မှောင်မှောင်
မဲမဲအိမ်ကြီးကအမောဆို့ဖွယ်ပြေးမကြိုတော့
ဘူးမလား။ဂျောင်ကုကားခြံထဲဝင်လာသည်နှင့်ထယ်ယောင်းကထုံစံအတိုင်းအိမ်ရှေ့မှာရိုရိုကျိုး
ကျိုးစောင့်ကြိုလျှက်ပင်။အနားရောက်သည်နှင့်
ဂျောင်ကုလက်ထဲကဆွဲအိတ်ကိုပြေးသယ်တော့
သည်။ဂျောင်ကု..ထယ်ယောင်းအပေါ်အမောပြေ
အနမ်းလေးတောင်းချင်ပေမဲ့လည်းထယ်ယောင်း
ငြင်းဆန်မည်သိသည်မို့ဒီအတိုင်းပင်အောင့်အီး
သည်းခံလိုက်သည်။

"လူကြီး...ဟင်းတွေကချက်လို့မပြီးသေးဘူး..
နေ့လည်တုန်းကအားနေတာနဲ့စတိုခန်းကိုထိုင်
ရှင်းနေတာ..ခုနတုန်းကမှပြီးတယ်...ခဏနား
ပြီးရင်ရေချိုးမယ်မလား...ကျွန်တော်လူကြီး
ရေချိုးဖို့သွားပြင်လိုက်မယ်..."

ဂျောင်ကုခေါင်းသာခါလိုက်မိသည်။
သူ့ကိုဒီကလေးလေးက...အစအဆုံးလိုက်ပြီး
ဂရုစိုက်ပေးနေတာသူ့အပေါ်မျှော်လင့်ချက်တွေ
ပေးနေတာနဲ့မတူဘူးလား။

"ကိုယ့်ဘာသာကိုယ်ပဲလုပ်လိုက်မယ်...ထယ်
ယောင်းကအေးအေးဆေးဆေးလုပ်စရာရှိတာ
ကိုလုပ်..."

"ဟုတ်.."

ဂျောင်ကု..ပြောပြောဆိုဆိုအပေါ်ထပ်သူ့အိပ်ခန်း
ကိုသာတန်းတက်သွားသည်။ထယ်ယောင်း
စိတ်ထဲတစ်မျိုးလေးဖြစ်ကျန်ခဲ့သည်။လူကြီး
နှင့်သူ၏ဆက်ဆံရေးက..ရှေ့ဆက်တိုးရင်
အချစ်ဆိုတဲ့သံသရာကြီးမှာလူ့ကျင်ဝတ်ဖောက်
ပြန်သူတွေအနေနဲ့ပိတ်မိနေမှာဖြစ်ပြီးနောက်ဆုတ်
ရင်လည်း...ခံစားချက်တို့လွန်ကုန်ပြီဖြစ်ရာနာ
ကျင်ဖွယ်ရာအဆုံးသတ်သာ။

King Of My HeartWhere stories live. Discover now