ဂျောင်ကု...ဆောယာကိုတွေ့ဖို့ချိန်းလိုက်ပေမဲ့တစ်ကယ်
တမ်းရောက်လာသူမှာသူလုံးဝမသိသောသူစိမ်းမိန်းမ
တစ်ယောက်သာ။ပထမတော့ဂျောင်ကုထိုမိန်းမငယ်
၏သပ်ရပ်ရှင်းသန့်သောအသွင်အပြင်ကြောင့်ကိုယ်
ထင်မိထင်ရာဆောယာလွှတ်လိုက်တဲ့ရှေ့နေလို့ထင်
မိသွားသည်။ဒီနေ့မနက်သူဆောယာကိုတွေ့ဖို့ချိန်းတုန်းက
ဆောယာဘက်ကလုံးဝ Phမကိုင်ပါ..ထို့ကြောင့်
massage သာချန်ရင်းထွက်လာခဲ့သည်။ဒီအခြေ
အနေကြီးကဒီတိုင်းမျောပြီးဆက်သွားနေမဲ့အစား
အရာအားလုံးပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်း
ဖြစ်သွားစေချင်သည်။"ဂျွန်ဂျောင်ကုရှီ...မဂ်လာပါ...."
ထိုသူစိမ်းမိန်းမပျိုကဂျောင်ကုအားနူတ်ဆက်ရင်းအရှေ့
ကထိုင်ခုံလေးမှာဝင်ထိုင်သည်။ထို့နောက်နှစ်လိုဖွယ်ရာ
ပြုံးကာပင်"ကျွန်မနာဟယ်ဝန်းပါ...ဆောယာရဲ့ရောဂါကိုကုသ
ပေးနေတဲ့ဆရာဝန်မပါ..."ဂျောင်ကုအံအားသင့်ကာပြောစရာစကားတောင်ပျောက်
ရှကုန်သည်။ဂျောင်ကုသိရသလောက်ဆောယာမှာထွေထွေထူးထူးဘာရောဂါမှရှိမနေပါ။အမြဲတမ်းရွှင်လန်းတက်ကြွနေတဲ့သူမကဘာရောဂါဝေဒ နာခံစားနေရလဲဂျောင်ကုမသိခဲ့ပါ။လင်မယားဆိုတဲ့အနီးကပ်ဆုံး
ဆက်ဆံရေးမှာတောင်သူတို့နှစ်ယောက်ကတစ်ယောက်
အကြောင်းတစ်ယောက်အတွင်းကျကျမသိကြ။အပေါ်
ယံသူစိမ်းတွေထက်ပင်သွေးအေးနေသေးသည်။"သိပ်လဲမစိုးရိမ်ပါနဲ့...ခန္ဓာကိုယ်အတွင်းအပြင်မှာ
ဘာရောဂါမှမရှိပါဘူး..ဆောယာမှာရှိတဲရောဂါက
စိတ်ရောဂါပါ..စိတ်ကစဥ့်ကလျှားရောဂါလို့ပြောရင်
ပိုမှန်မယ့်ပေါ့..."နာဟယ်ဝန်းသည်ဂျောင်ကုမျက်နှာပျက်သွားသည်ကို
နားလည်သည့်ဟန်အသေးစိတ်လေးကအစရှင်းပြ
လာသည်။စိတ်ရောဂါ..ဆောယာမှာထိုရောဂါရှိနေမှန်း
ဂျောင်ကုလုံးဝမရိပ်ခဲ့ပါ။ပုံမှန်ထက်ထူးဆန်းတဲ့ဆော
ယာရဲ့လုပ်ရပ်တွေမြင်ဖူးခဲ့သော်လည်းဂျောင်ကုက
လုံးဝစိတ်ထဲမထားခဲ့။ဥပမာ...ပန်းပွင့်လေးတွေကြည့်ရင်းငိုနေတာမျိုး၊တစ်
ယောက်ထဲစကားပြောနေတာမျိုး၊နောက်ပြီးတစ်ခါ
တစ်လေထိတ်လန့်ကြောက်ရွံနေတတ်တာမျိုး၊အဆိုး
ဆုံးအနေနဲ့ဆောယာက...သူနဲ့နှီးနှောဖလှယ်ချင်းမရှိ
သလောက်။ထိုသို့ဆက်ဆံတဲ့အချိန်တိုင်းဂျောင်ကုကို
စိတ်မပါသလိုတွန်းထုတ်တတ်သည်။ထို့နောက်ပိုင်း
ဂျောင်ကုသည်လည်းသူ့မိန်းမစိတ်မပါသည်မို့ထိုအရာ
တွေကိုအတင်းလုပ်မယူတော့။ဒီအတိုင်းသာအေးတိအေး
စက်အိမ်ထောင်ရေးကြီးကိုဆက်လက်ထိန်းသိမ်းထား
ခဲ့သည်။