ဂျူလိုင်လလယ်ရဲ့မိုးရေတွေကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးဆူညံလျှက်။နေ့ခင်းဘက်
ကနေရွာလိုက်တဲ့မိုးကညဘက်ထိတိတ်မသွား။
စုတ်ပြတ်ပြတ်လျှော့ရဲရဲအိမ်အိုလေးသည်ထို
မိုးရေတွေကြားကြံကြံခိုင်အံကျိတ်လျှက်။မဖာထေးတာကြာပြီဖြစ်သည့်ခေါင်မိုးပေါ်ကမိုးရေ
တွေသည်ရေတံခွန်းအလားတံမြက်စိတ်ကနေ
ဖြာဆင်းလာသည်။အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ်ဂျွန်ဆောယာ
သည်ထိုအိမ်အိုလေးရှေ့တွင်မတ်တပ်ရပ်လျှက်။
သူမရဲ့ညဝတ်အကျီအဖြူမှာမိုးရေကြောင့်ရွှဲရွဲ
နစ်နေသည်။ဖြောင့်ဆင်းနေသောအနက်ရောင်ဆံ
စတို့သည့်လည်းမိုးရေကြောင့်တစ်ပင်နဲတစ်ပင်
ပူးကပ်ရူပ်ထွေးကုန်သည်။ခြေဗလာကျင်းဖြင့်
သူမကထိုအိမ်အိုလေးအရှေ့မတ်တပ်ရပ်နေသည်။ဆောယာရဲ့တစ်ကိုယ်လုံးကတုန်ယင်လျှက်။မျက်
တောင်စိပ်စိပ်လေးတွေကအစခြေဖျားလေး
တွေထိတိုင်ကြောက်စိတ်ကစိုးမိုးထားသည်။
ဒါပေမဲ့...သူမရဲ့မသိစိတ်ကတော့အိမ်အိုလေး
ဆီတစ်လှမ်းခြင်းတစ်လှမ်းရွေ့လျှားနေသည်။မိုးစက်တွေကတပေါက်ပေါက်သူမရဲ့ပန်းနုရောင်
ခြေဖမိုးနဲ့ထိတွေ့ကြုံကြိုက်ပြီးရေမူန်ရေမွှား
အဖြစ်ပျောက်ကွယ်ကြတော့သည်။မကြာမီသူ
မကအိမ်အိုကြီးရဲ့ယိုင်လုလုတံခါးကိုဆွဲဖွင့်ပြီး
အသိစိတ်မဲ့သူပမာအိမ်အိုလေးထဲဝင်သွားတော့
သည်။အခန်းထဲမှာလေထုကသိပ်သည်းနေတဲ့ပုံရှိပြီး
မကောင်းတဲခပ်ချဥ်ချဥ်အနံတစ်ခုလည်းရလိုက်သည်။တစ်ခုတည်းသောဝါကျင်ကျင်မီးသီးလေးကအခန်းကျဥ်းလေးထဲ ဖြာကျနေပြီးထိုအခန်းကျဥ်း
လေးထဲတွင်ဆယ့်တစ်နှစ်အရွယ်ကလေးမလေး
ကအခင်းစုတ်လေးပေါ်တွင်အိပ်ပျော်နေသည်။အိပ်ပျော်နေသည်ဆိုတာထက်ကလေးလေး
ကဖျားပြီးမှေးနေတာ။ကလေးမလေးရဲ့မျက်လုံးတွေကမှိတ်နေပြီး
အဖျားရှိန်ကြောင့်မျက်နှာကရဲတွတ်လျက်။ဆောယာရဲ့နူတ်ခမ်းတွေကတုန်ရင်ကွဲအက်စွာ
နာမည်တစ်ခုထွက်ကျလာသည်။