Part(16)

10.9K 1.2K 108
                                    

တစ်ဖက်ကထယ်ယောင်း ph လေးချသွားသည်
နှင့်လီဟန်မင်းစိတ်ရူပ်စွာကျန်နေခဲ့သည်။သူက
တစ်ချိန်ကထယ်ယောင်းရဲ့အချစ်ဆုံးသူငယ်ချင်း
လေးဖြစ်ခဲ့တယ်။သူ့ပခုံးတစ်ဖက်ကထယ်ယောင်းအမှီသဟဲပြုဖို့လုံလောက်ခဲ့တယ်။
ထယ်ယောင်းလိုသမျှအကူအညီမှန်သမျှကိုအ
နားနေကာဖြည့်ဆည်းပေးနိုင်သည်။သူအရမ်း
ချစ်မြတ်းနိုးတဲ့ထယ်ယောင်းရဲ့အပြုံးတွေနေ့
တိုင်းတွေ့မြင်နိုင်သေးသည်။ထယ်ယောင်းက
အနည်းဆုံးတော့သူငယ်ချင်းလိုခင်ခင်မင်မင်
ပေါင်းနိုင်သေးသည်။

လီဟန်မင်းမျက်နှာသည်ကြေကွဲဝမ်းနည်းရိပ်တွေ
သန်းနေသည်။အရက်တွေတစ်ခွက်ပြီးတစ်ခွက်
သောက်နေသည့်တိုင်းနည်းနည်းတောင်မမူး။
ရီဝေဝေမျက်ဝန်းတွေသည်လွမ်းမောတမ်းတ
ဖွယ်များနဲ့ဆွတ်စိုနေဟန်။လီဟန်မင်းကိုယ့်ကို
ကိုယ်သာရူံ့ချမိလိုက်သည်။သူသာနည်းနည်းလေးထယ်ယောင်းအပေါ်လောဘမကြီးခဲ့မိရင်
အဲ့လိုအမှားမျိုးမလုပ်လောက်ဘူးမလား။
အခုတော့...သူဟာအတိတ်ရဲ့အမှားတွေအတွက်ပြန်တွေးတိုင်းယူကျုံးမရဖြစ်ရသည်။

"ထယ်ယောင်း..ကင်မ်ထယ်ယောင်း...
Ph ကိုင်ပါဦး...."

လစ်လျူရူခံနေရတဲ့..Ph no လေးကိုအရူးလို
တတီတီနှိပ်ကာခေါ်နေမိသည်။ဒီနှစ်တွေအ
တောအတွင်းမှာသူထယ်ယောင်းအကြောင်းမစ
ဥ်းစားပဲမနေနိုင်ခဲ့။လီဟန်မင်းကယောကျာ်းတိုင်း
မိန်းမတိုင်းကိုသဘောကျသူမဟုတ်သူရဲ့လိင်
စိတ်တိမ်းညွှတ်မူ့ပထယ်ယောင်းနဲ့တွေ့မှအာသီ
သကြီးစွာပေါ်ပေါ်လာတတ်သည်။သူကျောင်း
သားဘဝက..သူ့ကိုယ်သူGay မှန်းသိလိုက်ရ
ပေမဲ့လုံးဝ..တုန်လူပ်သွားခြင်းမရှိခဲ့။
ထယ်ယောင်းနဲ့ကောင်းမွန်စွာတစ်ဘဝလုံးပျော်
ပျော်ကြီးနေသွားရမယ်ဆို...Gay ရကျိုးနပ်
သည်လို့ထင်မိခဲ့သည်။

လီဟန်မင်းဆိုဖာနောက်ကျောကိုခေါင်းမှီရင်း
မျက်ဝန်းတွေပိတ်ချလိုက်သည်။တစ်ရက်..
နောက်တစ်ရက်မှာထယ်ယောင်းနဲ့သူ့ကြားက
အကွာအဝေးတစ်စင်တီမီတာလောက်လေးလျှော့
ချနိုင်မယ်လို့မျှော်လင့်မိသည်။

သူ့အရင်လိုပဲထယ်ယောင်းကိုသူ့လက်မောင်း
တွေကြားပွေ့ဖက်ထားနိုင်အုံးမှာပါနော်။

King Of My HeartWhere stories live. Discover now