Part(7)

9.7K 1.2K 109
                                    


အဲ့နောက်ပိုင်းနေ့ရက်တွေကတော့ဂျောင်ကု
အတွက်ရွှေရောင်နေ့ရက်တွေလို့သာပြောရမည်။
ဆောယာကသူ့အလုပ်ချိန်ကိုလျှော့ချလိုက်ပြီး
ဂျောင်ကုနဲ့အတူတူအချိန်အတော်များများမှာအဖော်ပြုပေးခဲ့သည်။စနေတနဂ်နွေရုံးပိတ်ရက်
တွင်လည်းထယ်ယောင်းလုပ်ပေးသောနေ့လည်
စာအချိုမုန့်တွေကိတ်မုန့်တွေလည်းသူမကြိုက်
ကြောင်းခဏခဏပြောတတ်သည်။

ထယ်ယောင်းအပေါ်လည်းမဆိုးလွန်းမကောင်း
လွန်ပြန်ရောထယ်ယောင်းအတွက်တော့အနေ
ချောင်လှသည်။သူ့သူဌေးကတော်မဒမ်ကသ
ဘောထားသေးသိမ်သူမျိုးမဟုတ်အရာရာ
လိုက်ပြီးအပြစ်မပြောဆိုတတ်ခြင်းကသူ့အတွက်
အဆင်ပြေလွန်းတာထက်ပိုနေခဲ့သည်။တစ်ခုပဲ..
ဂျွန်ဆောယာကကပ်စေးကုပ်သည်။ဘယ်အရာ
မဆိုလွှင့်ပစ်တာတို့အလာဟသဖြစ်သွားတာတို့
ဆိုလုံးဝမကြိုက်။သူ့ယောကျာ်းဝယ်ပေးထား
တဲ့Phoneကိုအချိန်တော်တော်ကြာမပြောင်း
ဘဲအခုထိတိုင်ထိန်းသုံးနေတုန်း။

သူမတန်ဖိုးထားတာလည်းပါမှာပေါ့။

ထိုရက်သတ္တပတ်တွေအပြီးဂျွန်ဆောယာ...ဂျောင်
ကုဆီကနေအထောက်အပံများစွာရလိုက်ရသည်။ဘူဆန်ကပရိဂဘောစက်ရုံအတွက်ပြိုင်
တူလေ လံဆွဲမဲ့ပြိုင်ဘက်Companyတွေရဲ့အာနည်းချက်အားသာချက်Dataတွေကိုသူမဆီ
ပို့ခဲ့သောဂျွန်ရယ်။ဒါကဂျောင်ကု... ဆောယာ
ကိုဆုချတဲ့သဘော။တစ်ရာခိုင်နူန်းလောက်
ဂျောင်ကုအပေါ်ဂရုစိုက်ချစ်ပြကောင်းပြရင်
ဂျောင်ကုက ထိုလူ့အပေါ်အများကြီးပြန်ကောင်း
ပေးတတ်သည်။

ဂျွန်ဆောယာသူ့ကိုဂရုစိုက်ကြင်နာပေးလျှင်
သူကဆောယာရဲ့ယောကျာ်းတစ်ယောက်အနေနဲ့
လိုချင်တာအကုန်အလိုလိုက်အကြိုက်ဆောင်
မည်သာ။

ဂျောင်ကုကျေးဇူးကြောင့်ပင်ဆောယာတို့Companyဘူဆန်ပရိဘောဂစက်ရုံတွင်အကျိုးရှိရှိနိုင်ခဲ့ကြသည်။SKY LINE Company
ရဲ့မာန်နေဂျာချုပ်ဂျွန်ဆောယာသည်လည်းထို
လေ လံပွဲတွင်လူအများအထင်ကြီးလေးစား
စရာဖြစ်လာခဲ့သည်။SKY LINEသည်ထိုလေ
လံပွဲတွင်အများဆုံးတင်ဒါအောင်နိုင်ခဲ့ပြီးပြိုင်ဘက်တွေကိုအသာစီးရယူခဲ့သည်။JEON
Groupကတော့ထိုလေ လံပွဲတွင်အကြောင်းအမျိုးမျိုးကြောင့်ဝင်မပြိုင်ဖြစ်ခဲ့ပေ။

King Of My HeartWhere stories live. Discover now