ဒီလိုနဲ့ထယ်ယောင်း...ဂျောင်ကုဆိုတဲ့လူကြီးဆီမှာအလုပ်လုပ်ခဲ့တာတစ်ပတ်ပြည့်ခဲ့ပြီ။ဂျောင်ကု
ကသူဌေးသာပြောတယ်ထယ်ယောင်းအပေါ်
အရမ်းကောင်းပေးတဲ့သူပင်။ကြည့်လိုက်လျှင်ဘာကိုမှဂရုမစိုက်သလိုအေးတိ
အေးစက်နေတတ်ပေမဲ့တစ်ကယ့်အတွင်းစိတ်
ကတော့အဲ့လိုမဟုတ်။သူ့အပေါ်တစ်ခါကောင်း
လျှင််ဆယ်ခါလောက်ပြန်ကောင်းပေးမဲ့လူမျိုး။တစ်လတင်းတင်းပြည့်တဲ့အချိန်တွင်ဂျွန်ဆော
ယာThailandကနေပြန်လာသည်။အိမ်ထဲဝင်
ဝင်ချင်းထယ်ယောင်းနှင့်မျက်နှာချင်းဆိုင်ဆုံ
သောလည်းဘာမှမဆိုင်သလိုပင်ဘာစကား
မှအပိုအလိုမပြောဘဲအိမ်ပေါ်ထပ်အိပ်ခန်းကို
သာတန်းတက်သွားသည်။ဆောယာပုံစံမှာ
အလုပ်ကြောင့်ပင်ပန်းလွန်းနေပြီးလူတစ်ကိုယ်
လုံးတောင်သယ်နိုင်ပုံမပြတော့။ထယ်ယောင်းကဂျောင်ကုအလုပ်ခန့်ထားတဲ့
တစ်ယောက်မှန်းသိသောကြောင့်ဘာမှမပြော
လိုတော့။ဂျောင်ကုအဆင်ပြေလျှင်သူမလည်း
ဘာမှစွက်ဖက်စရာမရှိပါ။အိမ်ပြန်ရောက်သည်နှင့်တံခါးပိတ်ကာရေမချိုးမိုးမချိုးပဲအိပ်လိုက်တာ...ညကိုးနာရီခွဲလောက်
မှပြန်နိုးသည်။ဂျောင်ကုကတော့ထုံးစံအတိုင်း
ပင်သူမဘေးနားရှိမနေ။ဒီအချိန်ဆိုအလုပ်က
မပြီးပြတ်သေးတဲ့စားရင်းဇယားတွေကြားခေါင်းရူပ်နေဦးမှာမလွဲ။ဂျွန်ဆောယာသည်သူ့ကိုယ့်သူလှလှပပသပ်သပ်
ရပ်ရပ်ဖြစ်အောင်ပြင်ဆင်လိုက်ကာဂျောင်ကု
အလုပ်အခန်းသို့လျှောက်သွားသည်။ဂျောင်ကုအလုပ်ခန်းထဲဝင်လိုက်သည်နှင့်အရင်
တုန်းကနဲ့မတူသန့်ရှင်းသပ်ရပ်နေသည်ကိုသူမ
အရင်ဆုံးသတိပြုမိသည်။လာဗင်ဒါရနံလေး
ခပ်သင်းသင်းမွှေးနေသောအလုပ်ခန်းလေးကို
သဘောကျသော်လည်းနည်းနည်းတော့ဘဝင်
မကျမိ။သူမအရမ်းကြိုက်တဲ့နှင်းဆီရနံသင်း
သင်းလေးအစားလာဗင်ဒါရနံလေးအစားထိုး
ခံလိုက်ရသည်မဟုတ်လား။"ယောကျာ်းမအိပ်သေးဘူးလား...ထင်တဲ့အတိုင်း
ပဲအလုပ်ရူပ်နေတုန်း..."သူမသည်ဂျောင်ကုရဲ့ရှေ့တည့်တည့်ထိုင်ခုံတွင်
ဝင်ထိုင်လိုက်သည်။ဂျောင်ကုကတော့ဆောယာ
ကိုတစ်ချက်စောင်းငဲ့ကြည့်ပြီးပြုံးကာပင်