မနက်မိုးလင်းတတီတီနှင့်နိူးလာတဲ့နာရီနိူးဆက်
သံကြောင့်ဂျောင်ကုစိတ်ရူပ်စွာအိပ်ယာကနေနိုး
ထလာခဲ့သည်။ဒီလောက်ကြီးမားတဲ့ဗီလာကြီး
မှာသက်ရှိဆိုလို့သူတစ်ယောက်ထဲရှိနေသည်က
တော့အံသြဖို့ကောင်းသည်မဟုတ်လား။မိိမိ
အခန်းကြမ်းပြင်မှအစနံရံအဆုံးရေခဲငွေ့တွေ
ဖုံးအုပ်ထားသလို။အရာဝတ္ထုမှန်သမျှသည်အေး
စက်ကာသူစိမ်းဆန်လှသည်။တီကနဲဝင်လာတဲ့Phသံကြောင့်ဂျောင်ကုစိတ်ပို
ရူပ်ထွေးသွားရသည်။မနက်မိုးလင်းမျက်လုံးနှစ်
လုံးစတင်ဖွင့်သည့်နှင့်သူ့ထံရောက်ရှိလာသည်က
ပျော်ရွှင်ဖွယ်ရာကိစ္စတွေမဟုတ်ဘဲဦးနှောက်ခြောက်ချင်စရာစီးပွားရေးကိစ္စများသာ။ဒီတစ်ခါဝင်လာသည့်Phကအမည်မသိPh.no
လေးပင်။ဂျောင်ကုထိုPh noလေးအားကောက်
ကိုင်လိုက်သည်။"သူဌေး...ကျွန်တော်ထယ်ယောင်းပါ...အခုသူ
ဌေးခြံရှေ့ရောက်နေပြီ...ထွက်ကြည့်ပါဦး..."ဂျောင်ကုအခုမှထိုကောင်လေးကိုသတိရသွားသည်။ကောင်လေးကိုသူဒီအိမ်မှာထမင်းချက်
ဟင်းချက်ဖို့အလုပ်ပေးထားတာပဲ။"ခဏစောင့်..."
ဂျောင်ကုပြတ်ကနဲပြောကာအောက်ထပ်ကိုဒရော
သောပါးဆင်းလာလိုက်သည်။အောက်ထပ်က
နာရီကခုနှစ်နာရီခွဲမို့ဒီကောင်လေးမဆိုးဘူအချိန်
ကိုလေးစားသားပဲလို့တောင်တွေးမိလိုက်သေးသည်။တံခါးဖွင့်လိုက်သည်နှင့်ထယ်ယောင်းရဲ့ခပ်ပေါ
ပေါဆပ်ပြာမူန့်ရနံသည်သူ့နှာခေါင်းထဲသို့တိုး
ဝင်လာသည်။အကျီစပို့ရှပ်ဖြူခပ်ပွပွလေးနဲ့
အရောင်လွင့်နေတဲ့ဂျင်းပြာကုတ်လေးတစ်တည်
သာဝတ်ထားပြီးဆံပင်လေးတွေကိုကပိုကရို
ဖြီးသင်ခြင်းမရှိသည့်တိုင်ထယ်ယောင်းအပြုံး
တွေကလတ်ဆတ်သန့်ရှင်းနေသည်။"သူဌေး..မဂ်လာပါ...ကျွန်တော်သူဌေးအိမ်ကို
မနည်းတွေ့အောင်ရှာလိုက်ရတယ်..."ဂျောင်ကုကတော့ဘာစကားမှမပြော။ထယ်ယောင်းကိုဦးဆောင်ကာဧည့်ခန်းထဲကိုခေါ်သွား
သည်။ထယ်ယောင်းလည်းအပြင်ထက်အခန်း
ထဲကအပြင်အဆင်တွေကပိုမိုဆန်းပြားကာခေတ်
မီသည်မို့မျက်စိမလွှဲနိုင်အောင်ပင်။နံရံထက်၌
ချိတ်ဆွဲထားသောဇနီးမောင်နှံပုံလေး...ထိုပုံ
လေးတွင်ပျော်ရွှင်နေတဲ့သူ့ဌေးမျက်နှာကိုကြည့်
ရင်းထယ်ယောင်းပြုံးမိလိုက်သေးသည်။ဓာတ်ပုံ
ထဲကသူဌေးအကြည့်တွေကသူ့ဘေးနာကမိန်း
မပျိုအားဘယ်လောက်ချစ်မြတ်နိုးလဲဆိုတာ
အကြည့်တွေကနေဖော်ပြနေသယောင်။