မြေးအဖိုးနှစ်ယောက်အရှေ့မှာစကားပြောလို့
အရှိန်ကောင်းနေစဥ်မီးဖိုခန်းလေးထဲကထယ်
ယောင်းကတော့သွက်လက်ချက်ချာစွာပင်ချက်
ပြုတ်နေသည်။သူ့အဖွားဆုံးသွားကတည်းက
ဒီလိုနွေးထွေးရင်းနှီးတဲ့ခံစားချက်လေးပျောက်
ဆုံးနေခဲ့တာ။အဲ့မိသားစုဆိုတဲ့ခံစားချက်လေးကို
အခုသူ..ထိုမြေးအဖိုးနှစ်ယောက်ဆီကနေရရှိလိုက်သလို။သူကဆောယာရဲ့နေရာမှာအစားထိုးခံခဲ့ရပေမဲ့
မနာကျည်းနိုင်တော့...အတုအယောင်ပျော်ရွှင်
မူ့လေးကိုသူခုံမင်နေသေးသည်။အဆင်ပြေနေ
သ၍သူရဲ့နေရာလေးကတစ်စုံတစ်ဦးအတွက်
အကျိုးရှိနေတာပဲလေ။တစ်နာရီကျော်ကျော်အချိန်လောက်တွင်းမှာပဲ...ပဲခေါက်ဆွဲ၊ဖက်ထုပ်ကြော်တွေအပြင်ဂျင်ဆင်လဘ္ဖရည်တစ်အိုး
ပါအသင့်သောက်သုံးရန်အဆင်သင့်ဖြစ်နေပြီ။စားပွဲခုံလေးပေါ်တွင်ထိုပန်းကန်လေးတွေကို
အစီအရီချပြီးသည်နှင့်အရှေ့သို့ထွက်ကာလူ
ကြီးတို့မြေးအဖိုးအားနေ့လည်စာစားဖို့သွား
အကြောင်းကြားလိုက်သည်။"အဖိုး..လူကြီး..နေ့လည်စာစားလို့ရပါပြီ.."
အဖိုးဂျွန်မှာနေ့လည်စာ..စားလို့ရပြီဆိုတာနှင့်
နောက်ဖေးကိုအရင်ဆုံးထသွားတော့သည်။"လူကြီးက..မစားသေးဘူးလား.."
ဂျောင်ကုကဘာမှပြန်မပြော။ချွေးတွေထွက်နေတဲ့ထယ်ယောင်းမျက်နှာလေးကိုသာငေးစိုက်
ကြည့်နေသည်။တစ်စုံတစ်ယောက်ကသူနေ့လည်
စာလေးစားဖို့အတွက်မီးဖိုချောင်ထဲမှာချွေးတစ်လုံးလုံးနဲ့ချက်ပြုတ်နေသည်ကိုတွေးမိသည်
နှင့်သူ့ရင်ထဲမှာထိုလူ့အပေါ်ချစ်ဇောအဟုန်မှာ
မြင့်တက်လာခဲ့သည်။"ရော့...ဒါလေးသောက်လိုက်ဦး..."
လက်ထဲကိုကမ်းပေးလာတဲ့ကိုလာခွက်လေး။
ရေခဲတုံးလေးတွေ က ကိုလာထဲမှာပေါလော
ပေါ်ကာအေးစိမ့်စိမ့်လေးနဲ့သောက်ချင်စဖွယ်။
ထယ်ယောင်းလည်းငြင်းမနေတော။ဂျောင်ကု
ကမ်းပေးတဲ့ကိုလာခွက်လေးအားအမောပြေ
သောက်လိုက်တော့သည်။လူကြီးကထိုင်နေ
ရာမှမတ်တပ်ရပ်ပြီးသူ့ရှေ့တူရူမှာမတ်တပ်
လာရပ်သည်။ထို့နောက်..ထယ်ယောင်းမထင်
ထားသည်ကိုလျှပ်တစ်ပြက််အတွင်းလုပ်ဆောင်
လိုက်လေသည်။