ဆောယာဆေးရုံတက်နေတာတစ်လပင်ပြည့်ခဲ့ပြီ။
ဂျောင်ကုမှာကိုယ့်အပူနဲ့ကိုယ်မို့ဆောယာဆေးရုံတက်
နေတာတောင်သတင်းသွားမမေးဖြစ်ခဲ့။ဒီနေ့မနက်
ဆောယာလိုအပ်တဲ့စာရွက်စာတမ်းတွေပေးစရာရှိသည်
မို့သာဆေးရုံသို့ရောက်လာခဲ့သည်။ဂျောင်ကု..ဆောယာ
အခန်းထဲရောက်တော့ကုတင်ပေါ်မှာခြေဆင်းကာ
အေးအေးလူလူစာဖတ်နေတဲ့ဆောယာရယ်။ဂျောင်ကုပြုံးမိပါသည်။
ဒီဇာတ်လမ်းမှာသူတစ်ယောက်ထဲပူလောင်နေသည်လား
လို့။"ဂျောင်ကု...ရောက်လာပြီလား..."
အရင်ဂျွန်ဆိုတဲ့နာမ်စားအစား...ဂျောင်ကုဟုသာသူမ
ပြောင်းလဲခေါ်ဝေါ်လာသည်။ ဂျောင်ကုကတော့
သူမလက်ထဲလိုအပ်တဲ့စာရွက်စာတမ်းတစ်ချို့ထိုးပေးလိုက်သည်။ဒါတွေကလက်ထပ်စာချုပ်နဲ့သူမရဲ့ဘဏ်စုငွေစားရင်သာ။"အားလုံးစုံလား..."
"စုံပါတယ်..."
ဆောယာသည်သူမအရှေ့လူအားငေးကြည့်မိလိုက်သည်။သူမအခုလိုလက်လျှော့ပေးလိုက်ခြင်းကဂျွန်ဂျောင်ကုကိုချစ်လို့သာ။သူမလိုစိတ်ရောဂါရှင်မျိုး၊ကြင်နာ
နွေးထွေးမူ့မရှိတဲ့မိန်းမတစ်ယောက်အနားမှာဘယ်လို
ယောကျာ်းမျိုးမှပျော်ရွှင်လိမ့်မည်မဟုတ်ပါ။ဂျောင်ကု
ကိုလည်းစိတ်ညစ်စိတ်ပင်ပန်းခံပြီးသူမအနားမှာခေါ်
မထားချင်ပါ။ဂျောင်ကုသည်သူမကြောင့်သုံးလေးနှစ်
လုံးအထီးကျန်လာခဲ့ရပြီးပြီ။ဆက်ပြီးသူမကြောင့်
ဂျောင်ကုဆက်မခံစားစေလို။အချစ်စစ်နဲ့လည်းတွေ့ပြီ
မို့သူမ..လမ်းခွဲ ပြတ်စဲ ခြင်းဆိုတဲ့လမ်းကိုရွေးခဲ့ခြင်းပင်။အခုလည်းကြည့်ပါဦး။ဆောယာအရှေ့က ဂျွန်ဂျောင်ကု
သည်အရင်ကထက်များစွာပြောင်းလဲသွားသည်။ခန္ဓာ
ကိုယ်လည်းအနည်းငယ်ကျသွားပြီးပိန်သွားသယောင်။
ဆံပင်တွေကလည်းအနည်းငယ်ရှည်နေပြီးမဖြီးမသင်
ဘုတ်သိုက်ကေနှင့်။နူတ်ခမ်းမွေး..ပါးသိုင်းမွေးတွေ
လည်းအနည်းငယ်ထိုးထိုးထောင်ထောင်။"အဆင်မပြေဘူးလား..ဒီတစ်လအတွင်း...ထယ်ယောင်း
ရော..."သူမစကားကိုဂျောင်ကုခေါင်းသာခါပြသည်။