ဟိုလှည့်ဒီလှည့်တစ်ပတ်တာအချိန်ကာလသည်
ဆောယာဖို့ဖိအားအများအပြားနှင့်ရင်ဆိုင်ခဲ့ရသည်။Company၏ငွေကြေးအရူပ်အရှင်းတွေ
ကိုလည်းခေါင်းခံရှင်းပေးခဲ့ရသလို Company
၏Projectအသစ်တစ်ခုအတွက်လည်းဦးစီးဦး
ဆောင်လုပ်ပေးနေရသည်။ဒါကြောင့်ကုန်လွန်
ခဲ့တဲ့တစ်ပတ်တာကာလကဆောယာအတွက်
အရမ်းကိုမြန်ဆန်လွန်းနေခဲ့သည်။Company၏အထပ်မြင့်မှန်ပြူးတင်းပေါက်နား
မတ်တပ်ရပ်ရင်းအပေါ်စီးကနေမြင်နေရတဲ့
ရူခင်းကိုတမေ့တမောကြီးငေးကြည့်နေမိသည်။
ဘာတွေဖြစ်ပျက်ခဲ့ပြီးပြီလဲနောက်ထပ်ဘာတွေ
ထပ်ဖြစ်လာဦးမှာလဲ။
ကိုယ့်ဦးနှောက်သေးသေးလေးနဲ့ကြိုတင်စဥ်းစား
ရခက်လောက်အောင်ကံ ကြမ္မာကအကွက်စေ့
လှသည်။ဒါပေမဲ့ကြုံတွေလာရမဲ့ပြသနာတွေ
အတွက်ကြိုပြီးသူမပူလောင်နေမိသည်။စိတ်
ခံစားချက်ကအဆိုးဘက်ကိုရွှေ့သထက်ရွှေ့လာပြီးတန်ဖိုးကြီးကြီးအရာတစ်ခုကိုဆုံးရူံးလိုက်ရ
သလိုပင်။အဲ့တန်ဖိုးကြီးမားတဲ့အရာဟာ..ဂျွန်ရဲ့အချစ်ဆို
တာကိုတော့ပြောစရာမလိုတော့ပေ။ဂျွန်..
သူမကိုအရင်လိုမချစ်တော့ဘူး...အရင်လောက်
လည်းဂရုမစိုက်တော့ဘူး။အရင်အချိန်လောက်
မနွေးထွေးတော့သလိုအရင်တုန်းကလောက်လည်းပျော်စရာမကောင်းတော့ဘူး။ဂျွန်..လစ်လျူရူအေးစက်ခဲ့ခြင်းတွေကလည်း
ဆောယာအပြစ်နဲ့မကင်း။သူမဘယ်တော့ကမှ
ဂျွန့်အပေါ်ဇနီးမယားတစ်ယောက်အနေနဲ့တာဝန်
မကျေခဲ့ပါလေ။ဂျွန်ပြောသလိုပဲ...သူမက
ကိုယ့်ကိုကိုယ်ပဲချစ်တတ်တဲ့မိန်းမ၊ငွေမက်တဲ့
မိန်းမ၊ကိုယ့်ယောကျာ်းကိုချောင်ထိုးတတ်တဲ့
မိန်းမ...ထိုထိုသောမကောင်းတဲ့ဂုဏ်ပုဒ်တွေ
နဲ့သာလိုက်လျှောညီထွေးနေခဲ့သည်။ဒါပေမဲ့...ဆောယာပြန်ကြိုးစားလို့ရတယ်မလား..
ဆောယာအကောင်းဆုံးဂျွန့်အပေါ်မှာပြန်နွေးထွေးပေးမယ်လေ...အရင်ကလိုတော့ပြန်ချစ်ပါ..
ဂျွန်။"ဆောယာ..ဂျွန်ဆောယာ..ဂျွန်ဆောယာ.."
အနောက်ကနေခေါ်နေတဲ့အဖွဲ့မူးလီအသံကြောင့်
သာဂျွန်ဆောယာထိုအတွေးဝဲဂယက်ကြီးကနေ
နိုးထလာခဲ့သည်။