မနက်မိုးလင်းသည်နှင့်ဂျောင်ကုမနက်စာထမင်း
ဝိုင်းမှာထယ်ယောင်းကိုကျောင်းပြန်ထားမဲ့ကြောင်းအလုံးစုံးပြောကာဆောယာကိုတိုင်ပင်
လိုက်သည်။ဆောယာကဂျောင်ကုထင်သည့်
အတိုင်းပင်သဘောတူရှာသည်။"ဒါကောင်းတယ်....မင်းကျောင်း ပြန်တက်သင့်
တယ် ....ကျောင်းပြီးသွားတာနဲ့Company
တစ်ခုခုမှာလစာကောင်းကောင်းနဲ့အလုပ်တစ်ခု
ရဖို့ငါအာမခံတယ်..."ဆောယာရဲ့ကတိစကားကြောင့်ထယ်ယောင်း
မှာပိုပြီးအားတက်သွားသလိုခံစားရသည်။
ကျောင်းပြီးတာနဲ့အလုပ်တန်းဝင်ဆိုတဲ့စကား
ကဂျောင်ကုအတွက်အောင့်သက်သက်ကြီးခံစား
ရသည်။ထယ်ယောင်းကိုအမြင့်မှာပျံသန်းနေစေ
ချင်တာလည်းသူပဲ ဖြစ်သလိုလှောင်အိမ်ထဲမှာ
အကျဥ်းချထားချင်တာလည်းသူပဲဖြစ်သည်။"ကျောင်းပြီးအောင်တက်..အလုပ်ကောင်းကောင်းလုပ်ပြီးရင်ကိုယ်ချစ်တဲ့မိန်းကလေးတစ်ယောက်နဲ့ဘဝကိုအဓိပ္ပါယ်ရှိရှိဖြတ်သန်းစေချင််တယ်..."
ဒါဆောယာစိတ်ထဲကစေတနာအမှန်ပင်။တစ်သက်လုံးလူတစ်ယောက်ကဒီနေရာဒီအနေ
အထားတစ်ခုမှာရပ်နေဖို့ဆိုတာလုံးဝမဖြစ်။
ကိုယ့်ဘဝကိုယ့်တက်လမ်းအတွက်ကြိုးစားကာတစ်ချိန်မှာမိသားစုလေးတစ်စုနဲ့ကောင်းကောင်
မွန်မွန်နွေးနွေးထွေးထွေးထယ်ယောင်းနေစေချင်သည်။ထယ်ယောင်းကခေါင်းငုံကာ
"ကျွန်တော်ဒီတစ်သက်အိမ်ထောင်ပြုဖြစ်မှာ
မဟုတ်တော့ပါဘူး..."ထယ်ယောင်းစကားကြောင့်ဘာမှဝင်မပြောဘဲ
ကော်ဖီလှိမ့်ပိတ်သောက်နေတဲ့ဂျောင်ကုမျက်
နှာတွင်အပြုံးရေးရေးလေးဖြစ်ပေါ်သွားသည်။"စောင့်ကြည့်တာပေါ့..."
ခပ်ပြုံးပြုံးလေးပြန်ပြောတဲ့ဆောယာ။
"ဒါနဲ...မိန်းမ..မင်းCompanyကလူတွေကိုကြည်ပေါင်း...ကိုယ်မကြိုက်ဘူး..အထူးသဖြင့်ဟန်ချင်း
ဆိုတဲ့ကောင်မလေးကိုသူ့ကို ကိုယ်မကြိုက်ဘူး..."ဆောယာ...ဂျောင်ကုစကားတွေကိုသေချာ
ရှေ့နောက်စဥ်းစားလိုက်သည်။မနေ့ညတုန်းကသူ
မမူးရူးနေတော့အိမ်ကိုဘယ်သူပြန်လိုက်ပို့လည်းသူမသိလိုက်။ကြည့်ရတာ...ဟန်ချင်းထင်သည်။
ဒီကောင်မလေးကိုလည်းဆောယာကြည့်မရတာ
ကြာရောပေါ့
