Unicode
လူအများက ရှောင် စံအိမ် နဲ့ ၀မ် စံအိမ်ဟူ၍ သိထားကြတဲ့ ခန့်ထည်ကြီးမားတဲ့ အိမ်ကြီး ၂အိမ် ဟာ ရှန်ဟိုင်းက လူချမ်းသာ တွေသာ နေတဲ့ ရပ်ကွက်မှာ ဘေးချင်း ကပ်ရပ် ကာ တည်ရှိနေတယ်။ ရှောင် စံအိမ်နဲ့ ၀မ် စံအိမ် ဟာ အိမ်တော်တွေ အားလုံးထဲမှာမှ သိပ်ရင်းနှီးကြတဲ့ အိမ်တော် ၂ခု ပေါ့။
ရှောင် groupက ချမ်းသာကြွယ်၀မှု မှာ No.2စာရင်း၀င် ပြီး ၊ ၀မ် groupကတော့ No.4စာ ရင်း၀င် No.3 က ကျိုး group နဲ့ Chinaမှာတင် မကဘဲ တောင်ကိုးရီးယားထိပါ Top 1 ဖြစ်နေတာကတော့ Cho groupပါ။ သူတို့ဟာ chinaမှာ အကြွယ်၀ဆုံး top 5 စာရင်း၀င်တွေ ဖြစ်နေတာကြောင့် လူသိသိပ်များပြီး လူသိပ် စိတ်၀င်စားတဲ့ မိသားစုတွေပေါ့။နန်းတော် သဖွယ် ခမ်းနားထည်ဝါ လှတဲ့ ရှောင်စံအိမ် ထဲမှာ မနက် စောစော စီးစီး ဆူညံတွေထွက်ပေါ်လို့ နေတယ်။
အကြောင်းရင်းကတော့ England မှာ စီးပွားရေးပညာသင်ယူနေတဲ့ သားဖြစ်သူက ၁၀ နှစ် အကြာမှာ ပညာသင်ယူပြီးစီးလို့ မနက်ဖြန်ဆို ပြန်လာမှာမလို့ဘဲ။"ကျဲကလဲ သားကျန့်ကို အဲ့ လောက် မမျှော်နဲ့ လေ ခရီးက ကျန့်ကြာနေလိမ့်မယ်"
ယောကျာ်းဖြစ်သူ ရှောင် ဟန် ရဲ့ ညီ ၀မ်းကွဲ ရှောင်ယွဲ့ က ပြောလာတော့။
" ဟဲ့ ရှောင်ယွဲ့ လေယာဉ်နဲ့ပြန်လာမှာကို ဘာကိစ္စ ကြန့်ကြာနေရမှာလဲ"
" ကျဲကလဲ မကြားဖူးဘူးလား စက် ချို့ယွင်းလို့ လေယာဉ် delay ဖြစ်တာတို့ ရာသီဉတု ကြောင့် လေယာဉ် delay ဖြစ်တာတို့လေ"
"ဟဲ့ ပါးစပ် ပုတ်ကြီး နဲ့ သွားစမ်းပါဟယ် ပျော်နေတဲ့ ငါ့ စိတ်ကို အနှောင့် အယှက် မပေးစမ်းပါနဲ့ "
" သွားမှာပါ "
ရှောင်ယွဲ့ နဲ့ စကားပြောနေတုန်း ရောက်လာတဲ့ ရိလင်း
"Morning ကျဲ"
"Morning ရိလင်း ဒါနဲ့ စောစောစီးစီး ဘာကိစ္စလဲ"
"Aww အိမ်မှာ ဖက်ထုပ်လုပ်ထားလို့လေ ကျဲက ၀မ်လေးလုပ်တဲ့ ဖက်ထုပ်ဆို တအားကြိုက်တာမလား အဲ့ဒါ သတိရလို့ လာပို့ ပေးတာ"
"ဟာ ဟုတ်လား ကျေးဇူးပါကွယ် ၀မ်လေးကိုရော ကျေးဇူးပါဘဲလို့ပြောပေးနော်"
YOU ARE READING
If I ain't got you
Fanfictionဖြစ်ခဲ့တာ အားလုံးက ကိုယ်မင်း အပေါ် ချစ်လွန်းလို့ ဖြစ်သွားတာမို့ ကိုယ် ဘယ်တော့မှ မတောင်းပန်ဘူး ၀မ်လေး Xiao Zhan ပထမ ခင်ဗျား ကျတော့ ဘ၀ကို ဖျက်ဆီးတယ် နောက်တော့ ခင်ဗျားက ကျတော့နှလုံးသားကို ဖျက်ဆီးပြန်တယ် ဒါပေမဲ့ မှားခဲ့တာတွေ အတွက် ဘယ်တော့မှ မတောင်းပန်တဲ...