Ep- 21

1.5K 82 2
                                    

Unicode

ရှောင်ကျန့် ကုတင်ခြေရင်းက ဆက်တီ လေးမှာ ထိုင်ရင်း ကုတင်ထက်မှာ  လဲလျောင်းနေတဲ့ ရိပေါ်ရဲ့ မျက်နှာ ဖြူဖျော့ဖျော့လေးကို  ငေး ကြည့်နေမိသည်။ သူ ၀မ်လေးရဲ့ လက်ကို ဆုပ်ကိုင်ထားချင်ပါသော်လည်း ၀မ်လေးအနားကိုအကပ်မခံတဲ့ လူစီကြောင့် သူ အဝေးက ငေးနေရုံသာ။

~~ကိုယ် ဘာတွေ လုပ်ခဲ့မိတာပါလိမ့် ၀မ်လေးရာ~~

" မင်း ရိပေါ်ကို ဘယ်လို ရင်ဆိုင်မယ် စဉ်းစားထားလဲ "

ကျိုးချန်က မေးလာတော့

"ငါ ငါ"

တကယ်ကို သူ့မှာဖြေစရာ အဖြေမရှိပေ။ ၀မ်လေး ဒီကလေးလေးကို ဘယ်လောက် မျှော်လင့်ထားလဲ သူအသိမို့ သူ ၀မ်လေးကို ဘယ်လို ရင်‌ဆိုင်ရမလဲ ဆိုတာကို တကယ်မသိ။

"မင်း စိတ်ကို ကြိုတင်ပြင်ဆင်ထားရင် ကောင်းလိမ့်မယ်  ပြီးတော့ နောက်တခု မင်းသိထားရမှာက ရိပေါ်ဘာကို ဆုံးဖြတ် ဆုံးဖြတ် ငါသူ့ဖက်ကဘဲ ရပ်တည်တော့မှာ"

သူ ကျိုးချန်ကို ခေါင်းငြိမ့်ရုံအပြင် ပြန်တုံ့ပြန်စကား သူ့မှာ မရှိ။ သူ အပြစ်ဟာ ခွင့်လွှတ်လို့ရလောက်တဲ့ အပြစ်မှ မဟုတ်တာ။

~~ကိုယ့်အပြစ်ကခွင့်လွှတ်လို့ မရမှန်းသိပေမဲ့ ကိုယ့်ကို မနှင်ပါနဲ့လား ၀မ်လေးရယ် ၀မ်လေးဘေးနားနေပြီး ကိုယ့်အပြစ် အတွက် ပေးဆပ်ခွင့်ပေးပါနော် ~~

သူ ၀မ်လေး မျက်နှာလေးကို ငေးကြည့်နေမိတုန်း မှာပင် သတိရလာတဲ့ ၀မ်လေးကြောင့် သူထရပ်လိုက်မိသည်။

"ရိ ပေါ် သတိရလာပြီလား"

ကုန်းရုန်းထရန် ပြင်နေတဲ့ ရိပေါ်ကြောင့် လူစီက အလိုက်တသိနဲ့ ထူပေးလိုက်သည်။ ထထိုင်လို့ရတာနဲ့ တပြိုင်နက် သူ့ဗိုက်လေးကို သူ ထွေးပွေ့လိုက်ကာ

" ငါ ငါ့ကလေး လူစီ"

"......."

" ငါ့ ကလေး ဘာမှ မဖြစ်ဘူး ဟုတ်တယ်မလား ဟင် "

" ဖြေလေ ဖြေလို့"

မျက်ရည်တွေကျကာ ရိပေါ်ကို  သနားညှာတာ တဲ့ မျက်စိနဲ့ ကြည့်နေတဲ့ လူစီက ရိပေါ်ကို ပွေ့ဖက်လိုက်သည်။

If I ain't got youWhere stories live. Discover now