ချင်းအယ် မူးရူးပြီး ယိုင်ထိုး ယိုင်ထိုးနဲ့ ၀င်လာတဲ့ သားကျန့်ကို ကြည့်ပြီး မျက်ရည်ကျမိတယ်။
သူ့အမှားကြောင့် ဦးတည်ရာ ပျောက်ခဲ့ရတဲ့သားလေး။
ဒါပေမဲ့သူ နောင်တမရဘူး သူသားကို သူများတံတွေးခွက်ထဲပက်လက်မမျောအောင်ကာကွယ်ခဲ့တာဘဲမို့။
စိတ်ပြေပါစေတော့ဆိုပြီး ခနလွှတ်ထားပေးထားတာ အချိန်တန် သားသူ့ကိုယ်သူပြန်တည့်မတ်နိုင်မယ်လို့ ယုံတယ်။~~အချိန်က ကုစားပေးသွားမှာပါသားကျန့် အဲ့ချိန်ကျ မင်း မားကို ကျေးဇူးတင်နေလိမ့်မယ်~~
"သားကျန့်"
ပြန်မထူးဘဲ ပေစောင်းစောင်းနဲ့ ကြည့်လာတဲ့ သား။ လိမ္မာယဉ်ကျေးလွန်းတဲ့ သားက ခုလို အပြောင်းလဲ ကြီး ပြောင်းလဲ သွားရတဲ့ တရားခံက သူ့ဖြစ်နေတာကြောင့် ယူကြုံးမရဖြစ်ရပါတယ်။
"သားကျန့် တနေ့တနေ့ ဒီလိုဘဲ နေတော့မှာလား မနက်ဖြန်ဆိုရင်ဘဲ ၀မ်လေးက စေ့စပ်တော့မယ် သားကကော လမ်းမှန်ပြန်လျှောက်ဖို့ မစဉ်းစားဘူးလား သားဘ၀ကို ဘာမဟုတ်တာတွေအတွက် ခုလို ရေစုန်မျောပစ်တော့မှာလား တန်ရဲ့လားသားရယ် ပြီးခဲ့တာတွေလဲ ပြီးပါစေတော့သားရယ်"
သူပြောလိုက်တဲ့စကားကြောင့် သူ့ကို စူးစူးစိုက်စိုက် ကြည့် လာတဲ့သားကျန့်။
"ဘာမဟုတ်တာ ဟက် တန်ရဲ့လား တဲ့ ဟားဟား ပြီး ခဲ့တာ တွေ ပြီးပါစေတော့တဲ့ ဟားဟား အင့် ဟား"
မျက်ရည်တွေ ပိုးပိုး ပေါက်ပေါက်ကျကာ အော်ရယ်နေတဲ့ သားကျန့်က သူ့စကားကို ပြန်သံယောင်လိုက်နေလေသည်။
" မား အင့် မားသိလား ဟိုး အရင်တည်းက ဖြူစင်လွန်းတဲ့ ကလေး အပေါ် မရိုးသားတော့တဲ့ ကျတော့ ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့ နှစ်တွေ အကြာကြီး တယောက်တည်း အထီးကျန်စွာနဲ့ မြေခြား ရေခြားမှာ သွားနေခဲ့တာ။ကျတော် သိလို့ ဒီကိစ္စ မျိုးက မားတို့ အတွက်လက်ခံ နိုင်ဖို့ ခက်ခဲလွန်းမှန်းသိလို့ မားတို့ ခုလို စိတ်ဆင်းရဲရမှာ စိုးလို့ ကျတော် ဘယ်လောက်တောင် ကြိုးစား ထိန်းချုပ်ပေးခဲ့ရလဲ အင့် ဒါ ဒါပေမဲ့ မားတို့ကကျတော့ ကျတော့အပေါ်ကို လုပ်ရက်ကြတယ်ဗျားး မားသိထားရမှာက ၀မ်လေးက ဘာမဟုတ်တာမဟုတ်သလို တန်တာထက်ကို ပိုတယ် ၀မ်လေးက ကျတော့ဘ၀ တင်မကဘူး အသက် ထက်တောင် ပို တန်ဖိုးရှိတယ် မားရဲ့ သိရဲ့လား "
YOU ARE READING
If I ain't got you
Fanfictionဖြစ်ခဲ့တာ အားလုံးက ကိုယ်မင်း အပေါ် ချစ်လွန်းလို့ ဖြစ်သွားတာမို့ ကိုယ် ဘယ်တော့မှ မတောင်းပန်ဘူး ၀မ်လေး Xiao Zhan ပထမ ခင်ဗျား ကျတော့ ဘ၀ကို ဖျက်ဆီးတယ် နောက်တော့ ခင်ဗျားက ကျတော့နှလုံးသားကို ဖျက်ဆီးပြန်တယ် ဒါပေမဲ့ မှားခဲ့တာတွေ အတွက် ဘယ်တော့မှ မတောင်းပန်တဲ...