Unicode
ညရောက်တော့ ရှောင်ကျန့် တရက်လုံး လွမ်းနေခဲ့ရတဲ့ မျက်နှာလေးကို ဖူးမျှော်ရန် ၀မ်အိမ်ဖက်ကိုကူးလာလိုက်သည်။
အိမ်ထဲ ၀င်လာတော့ ဧည့်ခန်းထဲထိုင်နေတဲ့ ၀မ်ပါး နဲ့ ၀မ်မား
" Good evening, ၀မ် ပါး ၀မ်မား"
"ဟာ သားကျန့် ပြန်လာတည်းက မတွေ့ရသေးဘူး ကြည့်ပါအုံး ငါ့သားက ချောလာလိုက်တာများ"
"ဟဲ ဟဲ ၀မ်ပါးကလဲ "
"အံမယ် ရှက်နေတယ်တော့ ကြည့်ပါအုံး"
"ဒါနဲ့ ၀မ်လေး ကော မား"
"အပေါ်မှာ ဒီနေ့ ကျောင်းမှာ accident ဖြစ်လာတယ်တဲ့ အဲ့ဒါ ခြေထောက်နာနေလို့ အခန်းအောင်းနေလေရဲ့"
"ဗျာ ဒါဆို ကျတော်သွားကြည့်အုံးမယ်နော် မား"
"အေး အေး"
စိုးရိမ်စိတ်တကြီးနဲ့ ပြေးတက်သွားတဲ့ သားကျန့်ကို ကြည့်ရင်း~
"ပါး "
"အင်း ပြောလေ ရိလင်း"
" ရိလင်း ၀မ်လေးကို သားကျန့်နဲ့ နေရာချထားပေးချင်တယ်"
"ကလေးတွေ သဘောက အရေးကြီးတယ် ရိလင်း "
"တူမှာပါ သားကျန့်ကိုဘဲ ကြည့်လေ ၀မ်လေး ဆိုတာနဲ့ ဖြစ်ပျက်နေတဲ့ပုံကို "
"အင်း မင်းသဘောပါ သားကျန့်က လူတော်လူကောင်း ဖြစ်တဲ့ အပြင် ငယ်ငယ်တည်းက သိတဲ့သူမို့ အကြောင်းသိဘဲ ဟာ ကန့်ကွက်စရာမရှိပါဘူး"
အနာဂတ်ကို ကြိုတွေးရင်း ပျော်နေတဲ့ ၀မ်မားက ဖြစ်ပျက်လာမဲ့ အရာကို ကြိုသိခဲ့ရင် သူ ဒီစိတ်ကူးကို အကောင်ထည်ဖော်ဖို့ မပြောနဲ့ တွေးခဲ့မှာတောင်မဟုတ်။
*********************
စိုးရိမ်လွန်းလို့ အိမ်ပေါ် ထပ်ကို အမြန်တက်ကာ အခန်းတံခါးတောင် မခေါက်တော့ဘဲ ဆွဲဖွင့်လိုက်တော့ လှည့်ကြည့်လာတဲ့ အကောင်ပေါက်လေးက အစိမ်းနုရောင် ည၀တ်လေး နဲ့ ဖြူဖွေးလွန်းတဲ့ အသားရည် နဲ့ ပနံတင့်စွာ လှနေလေရဲ့။
မျက်လုံး အဝိုင်းလေး ၊ အံ့ဩလို့ ပွင့်ဟနေတဲ့ နူတ်ခမ် လုံးလုံးလေးတွေ နဲ့ ကောင်လေးကို သူဘာလုပ်ပစ်ချင်မှန်းကိုမသိ။ ကြည့်နေတဲ့ အကြည့်က ခြေထောက်နားလေးရောက်သွားတော့ ပတ်တီးစီးထားတဲ့ ခြေထောက်ဖွေးဖွေးလေး။
ကြည့်ရင်း ပင် ကုတင်ပေါ်ထိုင်နေတဲ့ ၀မ်လေးနား အမြန်သွားကာ ခြေရင်းမှာ ထိုင်ချလိုက်တော့
YOU ARE READING
If I ain't got you
Fanfictionဖြစ်ခဲ့တာ အားလုံးက ကိုယ်မင်း အပေါ် ချစ်လွန်းလို့ ဖြစ်သွားတာမို့ ကိုယ် ဘယ်တော့မှ မတောင်းပန်ဘူး ၀မ်လေး Xiao Zhan ပထမ ခင်ဗျား ကျတော့ ဘ၀ကို ဖျက်ဆီးတယ် နောက်တော့ ခင်ဗျားက ကျတော့နှလုံးသားကို ဖျက်ဆီးပြန်တယ် ဒါပေမဲ့ မှားခဲ့တာတွေ အတွက် ဘယ်တော့မှ မတောင်းပန်တဲ...