Ep- 8

1.5K 106 2
                                    

Unicode

ဒီနေ့ပါဆို ကျန့်‌geနဲ့ မတွေ့ဖြစ်တာ တပတ်တောင်ရှိနေပြီ။ သူက အတွေ့မခံတာလဲပါတာပေါ့။

ညတိုင်း  ခြံရှေ့ကနေ မူးမူးနဲ့ ငိုယိုကာ လာလာ အော်ခေါ် နေတဲ့ အချိန်ဆို ခြံစောင့်ဖြစ်တဲ့ အားရီက ယောကျာ်းက လာလာ သတင်းပို့တတ်တယ်။

" ရှောင်သခင်လေး သနားပါတယ် သခင်လေးရယ်"တဲ့ ။

သူလဲ ကျန့်ge သနားလွန်းလို့  ထွက်တွေ့ဖို့ ကြံလိုက်တိုင်း  လူပုံလယ် မှာ အပြော အဆို ခံ လိုက်ရတဲ့ မား မျက်နှာက အတွေးထဲ ၀င် ၀င်လာခဲ့သည်။ မားမျက်နှာ မြင်ယောင်လိုက်တိုင်း အပြင်သို့ ထွက်မဲ့ ခြေလှမ်းတွေက ရပ်တန့်သွားရစမြဲ။
ကျန့်ge နဲ့ မိဘ ယှဉ်လာရင် အမြဲ မိဘကိုရွေးချယ်ခဲ့မိသည်။

~~ခုကော တနေရာမှာ သောက်နေလောက်ပြန်ပြီမလား ကျတော် geရဲ့ ဒီလိုပုံစံကို တကယ် မမြင်ချင်တော့တာမို့ ကျတော့အတွက် မပြိုလဲနေပါနဲ့တော့လား geရာ ~~

"သခင် လေး နွားနို့လျှံ နေပြီ"

"အဲ့ ဟုတ်ပါရဲ့"

" အားရီ သွားပို့ပေးရမလား သခင်လေး"

"ရတယ် ရတယ် အားရီ ကျတော်ဘဲ သွားပို့ ပေးလိုက်မယ် အားရီလဲ သွားနားတော့လေ"

"ဟုတ် သခင်လေး"

နွားနို့ကို ခွက်ထဲ ထည့်ကာ ပါးတို့ ခန်းဆီ ဦးတည်လိုက်သည်။
အခန်းရှေ့ ရောက်တော့ ကြားရတဲ့ စကားသံတွေကြောင့် သူ၀င်မသွားဖြစ်သေးဘဲ ရပ်နားထောင်နေမိသည်။

"ပါး companyအခြေနေ ၀မ်လေးကို သေချာရှင်းပြလိုက်ရင်ကော အဲ့လို ပြောပြရင် သူ Cho groupက ကမ်းလှမ်းတာကို လက်ခံပေးမှာပါ"

"ဟင့်အင်း ရိလင်း  အဲ့လိုဆို ကိုယ်တို့က ချင်းအယ် ပြောသလို ကိုယ့်သားကိုယ်ရောင်းစားတဲ့ မိဘ အဖြစ် ကို တကယ်ရောက်သွားလိမ့်မယ် ပြီးတော့ စည်းစိမ် အတွက်နဲ့ ကိုယ့်သား ရဲ့ ပျော်ရွှင်မှု တွေကို မစ တေးနိုင်ဘူး သားဘ၀ကို  အေးအေးချမ်းချမ်းနဲ့ စိတ်ချမ်းသာစွာဘဲ ဖြတ်သန်းစေချင်တယ်"

သူရပ် နားထောင်နေရာက တံခါးဖွင့်ကာ အထဲ၀င်သွားလိုက်တော့ ပါးနဲ့ မားက အလန့်တကြား ကြည့်လာလေသည်။

If I ain't got youWhere stories live. Discover now