Ep- 22

1.7K 91 15
                                    

Unicode


ရိပေါ် ကုတင်ပေါ်ထိုင်ပြီး  ပြတင်းပေါက်က တဆင့် အပြင်လောကကို ငေးမောနေမိသည်။

ခုဆို သူဆေးရုံ ဆင်းလာတာ ၁ပတ်ရှိပြီ။ သူဆေးရုံပေါ်မှာရှိနေတဲ့ အတောတွင်း ပါး မား နဲ့ လူစီတို့ မောင်နှမသာ သူ့အနားမှာ အမြဲ ရှိနေပေးပေမဲ့ သူ့နှလုံးသားက သူကိုယ်တိုင် အပြင်ကို နှင်ထုတ်ထားမိခဲ့တဲ့  ကျန့်geကိုသာ တောင်းတနေမိတယ်။ သူက သူ့ ကလေးလေးကို သတ်ပစ်ခဲ့တဲ့ လူသတ်သမားကို မှ တောင်းတနေခဲ့မိတာတဲ့လေ ဟက် တော်တော် အမှတ်မရှိတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတာဘဲ။ နှလုံးသားက အမှတ်မရှိပေမဲ့ ဦးနှောက်က အမှတ်ရှိလို့ တော်ပါသေးရဲ့။

တင်း~

သူ အတွေး ကမ္ဘာထဲ လက်ပစ်နေကူးနေချိန် ၀င်လာတဲ့ message ringtoneလေးကြောင့် သူ့ အတွေးကို ရပ်တန့်လိုက်သည်။
သူကြည့်လိုက်တော့ unknown number ကပို့ထားတဲ့ message။ သူ ထိုmessage ကို ဖွင့်ကြည့်လိုက်တော့
သူ အရမ်း တမ်းတနေတဲ့ ကျန့်geက သူ့ ပေါင်ပေါ်ကောင်လှလှလေး တယောက်ကို တင်ပြီး နမ်းနေတဲ့ ပုံလေး။ ကြည့်ရတာ ကလပ်ကပုံ ထင်ပါရဲ့။

သူငိုပစ်ချင်သော်လဲ မကျလာတော့တဲ့မျက်ရည် သူ့နှလုံးသားက နာကျင်ရလွန်းလို့ ထုံသွားပြီ ထင်ပါရဲ့။

"ဟက် ခင်ဗျားကို မုန်းရလွန်းလို့ မုန်းတောင်မမုန်းတတ်တော့ဘူးထင်တယ်"

သူဖုန်းကို ပြန်ပိတ်ကာ အပြင်လောကကိုသာ ပြန်ငေးနေလိုက်သည်။

ခနကြာတော့ သူ့ပုခုံးပေါ်ကို တင်လာတဲ့ နွေးထွေးတဲ့ လက်လေးကြောင့် ဘယ်သူဆိုတာ သူသိလိုက်တယ်။ သူ မားကို သမင်လည်ပြန် မော့ကြည့်ရင်း~

"မား"

"ကလေးအကြောင်းတွေးနေပြန်ပြီလား ၀မ်လေး"

သူဆေးရုံ တက်ရပြီးနောက်တိုင်း ၀မ်မားက သူ့ကို အရင်ကထက် အများကြီး ဂရုစိုက်ပေးပြီး အများကြီး ပိုနွေးထွေးပေးတယ်။ တခါတရံဆို သူ့လက်ကိုဆုပ်ကိုင်ကာ တောင်းပန်ပါတယ် ဆိုတဲ့ စကားကို  ငိုယိုကာ ထပ်ခါထပ်ခါ ပြောနေတတ်တယ်။

"မဟုတ်ပါဘူး ဒီတိုင်းထိုင်နေတာပါ မားရဲ့ "

"အောက်မှာ ဆွန်းယွန်းရောက်နေတယ် ၀မ်လေး သားတွေ့မလား မတွေ့ချင်ရင် မား..."

If I ain't got youWhere stories live. Discover now