Ep- 13

1.5K 98 3
                                    

Unicode

ရှောင်ကျန့်တယောက် ဒီနေ့တော့ ရွှင်မြူးစွာနဲ့ နိုးထလာခဲ့သည်။  ဘာလို့ဆို ဒီနေ့သူ့ အသက်လေးကို တွေ့ခွင့်ရတွေ့မှာမို့ ခါတိုင်းလို အထီးကျန်တယ်လို့ သူမခံစားတော့ဘူး။ 

လွန်ခဲ့တဲ့ လက  နာမည်ပျက်တွေနဲ့ ရေပန်းစားလွန်းနေတဲ့ သူ့ကို မားတို့က သည်းမခံနိုင်တော့တဲ့ အဆုံး အိမ်က နှင်ချလိုက်ပါသတဲ့ ပါးကတော့ ၀င်ဖျောင်းဖြပေးရှာပါတယ် ဒါပေမဲ့ ဂုဏ်တွေ သိက္ခာတွေကို အလေးထားလွန်းတဲ့ မားလိုလူက ၀မ်လေးလို ဆွေကြီးမျိုးကြီးထဲကတောင် လက်မခံနိုင်တာ ကလပ်က အပေါစားလေးတွေနဲ့ဆိုတော့ ပိုပြီးဆတ်ဆတ်ခါနာနေတာပေါ့။
ဒါပေမဲ့ သူက အထီးကျန်ခြင်းနဲ့ အသားကျနေပြီးသားမို့ ကိစ္စမရှိပေမဲ့  သူအမြဲစဉ်းစားပြီး သနား နေမိတာက ၀မ်လေး။

၀မ်လေးလို အမြဲ မိသားစုရဲ့ နွေးထွေးမှုတွေကြား နေခဲ့ရတဲ့ ကောင်လေးက ခုချိန်မှာ ဘယ်လိုများနေနေမလဲ အရမ်းများအထီးကျန်နေမလား ဆိုပြီး တွေးပူနေမိတာ။

~~geက ခုကစပြီး အဆတရာ နွေးထွေးပေးမှာမို့ ဒီတခါတော့ ကိုယ့်ကို မောင်းမထုတ်ပါနဲ့တော့ လားကွာ~~
.
.
.
.

ကျိုးချန် ပို့ပေးတဲ့ လိပ်စာ ရဲ့ အခန်းရှေ့တော့ သူ ရောက်နေပြီ ဒါပေမဲ့ သူ့ကို မြင်ရင် ၀မ်လေး မောင်းထုတ်မလားဆိုတဲ့ စိတ်နဲ့  bell နှိပ်ဖို့ကို တွန့်ဆုတ်နေမိသည်။

.
.
.

ရိပေါ် တယောက်တည်း  မနက်စာ ထိုင်စားနေရင်း သူ့ ဗိုက်ထဲက ကလေးလေး အကြောင်းစဉ်းစားနေမိသည်။ သူ တခုခု လုပ်မှဖြစ်တော့မည်။  ဒီအတိုင်း သူများနားကပ်နေရတဲ့ဘ၀ နဲ့ သူ ကလေးလေးကို မကြီးပြင်းစေချင်ပါ။

"ပါး ပါး က ကလေးလေးကို  ဖွားတို့လို  ပြည့်ပြည့်စုံစုံနဲ့ ထားနိုင်ပါ့မလား ကလေးရယ်"

တင်းတောင်  တင်းတောင်~

သူ စဉ်းစားခန်း ၀င်နေတုန်း မြည်လာတဲ့ ဘဲလ်သံ။

"ဒီ လူစီဟာလေ နေ့တိုင်း မလာလဲ ရပါတယ်ဆိုတာကို ပြောမရဘူး"

သူ ပွစိ ပွစိ ပြောရင်း တံခါးလာဖွင့်ပေး လိုက်သည်။
တံခါးနောက်က ပေါ်လာတဲ့ မျက်နှာကြောင့် မှင်တက်နေမိသည်။ ပြီးမှ တံခါး ပြန်ပိတ်ရန် သတိရပြီး တံခါးကို ပြန်ဆောင့်ပိတ်လိုက်ချိန်တွင် ထွက်ပေါ်လာတဲ့ အော်သံတခု။

If I ain't got youWhere stories live. Discover now