Unicodeရှောင်ကျန့် အလုပ်ခုံပေါ်က လုပ်လက်စ စာရွက်စာတမ်းတွေကို သိမ်းဆည်းလိုက်ပြီး ချစ်ရသူလေး ရှိရာ ကို အရောက် ပြန်ဖို့ ပြင်နေစဉ်~
ဒေါက် ဒေါက်" ၀င်ခဲ့ပါ"
" အော် ကျိုးချန်လာလေ ဘာကိစ္စလဲ"
" ဘာမှ မဟုတ်ပါဘူး ဒီည ဘား လစ်ကြမလားလို့ မေးမလို့ အတူမသာက်ရတာကြာပြီလေ"
"ငါသွားရင် ရိပေါ် တယောက်တည်းဖြစ်နေလိမ့်မယ် ဟင့်အင်း မလိုက်တော့ဘူး"
"ဟား ဟား အေပါကွာ ကြောက်ရတယ်နော် ဟား ဟား"
"ကြောက်တာ မဟုတ်ဘူးကွ ချစ်တာ ချစ်တာ ဒါတွေ မင်းကို ပြောပြနေလဲ အပိုပါဘဲ မင်းလို လူပျိုကြီးက နားလည်မှာမှ မဟုတ်တာ"
"လဒလေးရ "
"ဟား ဟား ဟား"
" ဒါနဲ့ မင်းစုံစမ်းနေတာ အခြေနေဘယ်လိုရှိလဲ"
သူ တကယ်ကို သိဖို့လိုနေတဲ့ အရာမို့ မေးလိုက်မိတယ်။
" အစကိုရှာ မရသေးပါဘူးကွာ ဒါပေမဲ့ စိတ်ချငါ အကျွမ်းဆုံးလူတွေကို ငှားထားပါတယ် သေချာပေါက် ရှာပေးမယ် အဲ့ခွေးကို ဒါနဲ့ ပြန်တော့မယ်ဆို ပြန်တော့လေ ရိပေါ်စောင့်နေအုံးမယ်"
Serious ဖြစ်တဲ့ မျက်နှာနဲ့ ပြောလာတဲ့ ကျိုးချန်ကြောင့် သူစိတ်ချထားလိုက်တယ်။
"အော် အေအေ ငါသွားပြီ"
ကျိုးချန်ကို နူတ်ဆက်ပြီး အိမ်ကို ပြန်လာလိုက်သည်။
အိမ်ကိုပြန်လာရာလမ်းတွင် တွေ့လိုက်ရတဲ့ baby storeလေးကြောင့် ကားကို ထိုးရပ်လိုက်ကာ ငေးကြည့်နေမိရာက သူ့ကိုယ်သူ သတိထားလိုက်မိတဲ့ အချိန်ကျ သူ storeလေးထဲ ကို ၀င်လိုက်ကာ ကလေးပစ္စည်းလေးတွေ ကို ကိုင်တောင် ကြည့်နေပြီတဲ့လေ။ချိတ်ထားတဲ့ ကလေး အ၀တ်အစား သေးသေးလေးတွေ နဲ့ စင်ပေါ် ဖိနပ် သေးသေးလေးတွေကို ကြည့်ရင်း သူတအားအူယားလာ၍
" ဟက် တကယ်ကို သေးသေးလေးတွေကွာ ကလေးလေးတွေက အဲ့လောက်တောင်တကယ်သေးတာလား "
ဘေးက အရောင်းစာရေးမလေးအား လှမ်းမေးလိုက်တော့။ အရောင်းစာရေးမက သူ့ကို အပြုံးနဲ့ ပြန်ဖြေကြားလာလေ သည်။
YOU ARE READING
If I ain't got you
Fanfictionဖြစ်ခဲ့တာ အားလုံးက ကိုယ်မင်း အပေါ် ချစ်လွန်းလို့ ဖြစ်သွားတာမို့ ကိုယ် ဘယ်တော့မှ မတောင်းပန်ဘူး ၀မ်လေး Xiao Zhan ပထမ ခင်ဗျား ကျတော့ ဘ၀ကို ဖျက်ဆီးတယ် နောက်တော့ ခင်ဗျားက ကျတော့နှလုံးသားကို ဖျက်ဆီးပြန်တယ် ဒါပေမဲ့ မှားခဲ့တာတွေ အတွက် ဘယ်တော့မှ မတောင်းပန်တဲ...