Ep- 20

1.6K 94 8
                                    

Unicode

ရှောင်ယွဲ့ အလုပ်စားပွဲပေါ်က ဖုန်းကိုယူ၍ သူခိုင်းထားတဲ့ ကိစ္စ ကို မေးရန်  ဖုန်းနံပါတ်တခုကို ခေါ်လိုက်လေ သည်။

"Hello boss"

" အခြေအနေ"

"ကျရှုံးပါတယ် boss  "

"ဘာာာာ"

"ရှောင်ကျန့်က ရှောင်လိုက်နိုင်ပါတယ် ဒါပေမဲ့ ကုန်ကားက ဘရိတ်ဖြတ်ထားတာဆိုတော့ မရှောင်နိုင်ဘဲ တခြားကားကို ထိသွားပါတယ်"

"တောက် ဟာ ကွာာာ စောက်သုံးကို မကျကြဘူး"

"......"

"သူတို့ကိုဆက်စောင့်ကြည့်ထား တမိနစ်လေးတောင် မျက်ခြည်မပြတ်စေနဲ့"

"ဟုတ်ကဲ့ boss"

ရှောင်ယွဲ့ ဒေါသတကြီးနဲ့ စားပွဲပေါ်က ပစ္စည်းတွေကို နံရံနဲ့ မိတ်ဆက်ပေးလိုက်သည်။

"တော်တော် အသက်ပြင်း နေတယ်ပေါ့ ဟုတ်လား  ဂြိုလ်ဆိုးလေး  "

       **********

ခုနက ယာဉ်တိုက်မှု ဖြစ်လုဆဲဆဲ ဖြစ်တာတောင် ဒေါသ ရှိန်မပြေသေးတဲ့ ကျန့်ge ကြောင့် ရိပေါ် တကယ်ကို စိတ်ပူနေ ရသည်။ ကျန့်geသူ့ကို သ၀န်တိုတတ်တာ သူသိပေမဲ့ ဒီလောက် အသိစိတ် ကင်းမဲ့ နေလောက်တဲ့ထိတော့ သူမကြုံဖူး ပါ။ သေချာပေါက် သူမသိသေးတဲ့ ကိစ္စရှိမှာဘဲ လို့ တွေးနေမိတယ်။

ကျတော်တို့နေတဲ့ နေရာ လဲ ရောက်ရော တဖန် တိုက်အောက်ကနေ အခန်းထဲထိ အကြမ်းပတမ်းဆွဲခေါ်လာခြင်းခံရပြန်သည်။ တံခါး passwordကို အလျင်အမြန်နှိပ်ကာ ၀င်၍  ဧည့်ခန်းဖက်ကို ဆွဲခေါ်သွားတဲ့ ကျန့်ge ကြောင့်ခြေလှမ်းတွေ မှားမတတ်ဘဲ။
ဧည့်ခန်းလဲရောက်ရော သူ့ကို တခါမှ ကိုယ်ထိလက်ရောက် မလုပ်ဖူးတဲ့ ကျန့်geက သူ့လက်ကို ဆောင့်ပြီး  တွန်းလွှတ်လိုက်ကာ တဖက်ကို မျက်နှာမူ၍ ခါးထောက်ကာ ရပ်နေလေ၏ ။ ကြည့်ရတာ ဒေါသဖြေနေ‌ပုံ  ‌ ။

ရိပေါ် ကတော့ ကျန့်geရဲ့ အရှိန်နဲ့ ဆွဲခေါ်လာပြီး ရုတ်တရက် ဆောင့်တွန်းလွှတ်လိုက်မှုကြောင့် ခြေခေါက် သွားကာ သူ့ ခန္ဓာကိုယ်လေးက  ခုံပေါ်မရောက်ဘဲ  အောက်ကြမ်းပြင်သို့အကျ သူ့ဗိုက်က စားပွဲခုံ စောင်းနဲ့ ဆောင့်မိသွားခဲ့ရသည်။ ‌စားပွဲနဲ့ ဆောင့်လိုက်မိတာနဲ့ တပြိုင်နက် ရရှိလာတဲ့ ဗိုက်ထဲ နာကျင်မှု ကြောင့် သူ ကျန့်geကို ပြောပြရန်ကြိုးစားလိုက်သည်။

If I ain't got youWhere stories live. Discover now