Ep- 10

1.7K 111 3
                                    

Unicode

ဒီနေ့က သူ့အချစ်ဆုံး သူငယ်ချင်းလေးရဲ့ စေ့စပ်ပွဲနေ့ မို့  လူစီ တယောက် အစောကြီးကာ ရိပေါ် အိမ်ဆီသွားရန်အတွက်  ပြင်ဆင်နေသည်။

တီ တီ တီ~~~

ပြင်ဆင်နေတုန်းမှာဘဲ မြည်လာတဲ့ ဖုန်းလေး ။

ခေါ်လာတဲ့သူကိုကြည့်လိုက်တော့   "ချီးထုပ်လေး💚"  တဲ့ ။ သူပြုံးလိုက်ရင်း ဖုန်းကို အမြန်ယူလိုက်သည်။

"ဘာလဲ ရင်ခုန်လွန်းလို့ အစောကြီး‌နိူးနေတာလား"

"ဟင့် လူ လူစီ"

မျှော်လင့်ထားတာနဲ့ ကွဲခြားစွာပင် တဖက်က ထွက်လာတဲ့ ငိုသံလေးကြောင့် စိုးရိမ်မှု ရေမှတ်က အမြင့်ဆုံးသို့။

"ရိ ရိပေါ် ဘာဖြစ်လို့လဲ"

"ဟင့် လူစီ ဟင့် ခု ငါ့ ဟင့် ငါ့ဆီမှာ ဘယ်သူမှ မရှိတော့ဘူး ဟင့်"

"ဘာပြောတာလဲ ဘယ်သူမရှိတော့တာလဲ"

"အင့် ငါ ဟင့် ငါ့မှာ ဟင့် "

"ခန လေး ခနလေး စိတ်ကို ခန လျော့ထားပြီး ဘာဖြစ်တာလဲဆိုတာ သေချာ ပြောပြပါလား ရိပေါ်  ငါ စိတ်တွေပူလိုက်တာ  "

"အင့် ခု ငါ့ အင့် ငါ့မှာ ဘယ်သူမှအင့် မရှိတော့ဘူး လူစီရဲ့ အင့်"

ဘာမှမပြောပြလာဘဲ သူ့မှာ ဘယ်သူမှမရှိတော့ဘူး ဆိုတာသာ ထပ်ခါ တလဲလဲ ပြောနေတဲ့ ရိပေါ်ကြောင့် သူလိုက်သွားရန်သာ ပြင်လိုက်သည်။

"နင်က အခု အိမ်မှာမလား ရိပေါ် ငါလာခဲ့မယ်"

"ဟင့်အင်း ငါ အင့် ငါ မား အင့် မားကငါ့ကို မောင်းထုတ် အင့် လိုက်ပြီ"

"ဘာာာာ အဲ့ဒါဆို နင်ခုဘယ်မှာလဲ"

" ငါ အင့် ခု ×××× မှတ်တိုင်မှာ"

"အင်း အင်း ငါ ခုချက်ချင်းလာခဲ့ မယ် ခုချက်ချင်းလာခဲ့မှာမို့ ခန စောင့်နေပေးနော်"

ဖုန်းချလိုက်ပြီး ဆက်ပြင်မနေတော့ဘဲ ရိပေါ်ရှိရာသို့ အမြန်သွားလိုက်သည်။

မနေ့ကထိ သူနဲ့ စေ့စပ်ပွဲ အတွက် လိုတာတွေ သွား၀ယ် သွားလုပ်နေတဲ့  ရိပေါ်က ခု ဘာလို့ ငိုကြီးချက်မနဲ့ ဖုန်းဆက်လာရတာလဲ။ အန်တီက မောင်းချတာဆိုတော့ ဒါဆို စေ့စပ်ပွဲကကော????
သူ တွေးနေရင်းတအား စိတ်ရှုပ်လာတာမို့ ဆံပင်ကို ဆွဲဖွလိုက်မိတယ်။

If I ain't got youWhere stories live. Discover now