Unicodeရိပေါ် မှန်ရှေ့မှာ ရပ်ကာ သူ့ကိုယ်သူ ကြည့်ရင်း အားပေးလိုက်သည်။
"မင်း ဆုံးဖြတ်ချက်က မှန်မှာပါ ရိပေါ်"
ဒေါက် ဒေါက်~
"ဟုတ် ၀င်ခဲ့ပါ"
"ပြီးပြီလား သား"
"ဟုတ်မား "
"သွားရအောင်လေ ပါတီကစတော့မှာ"
"ဟုတ် မား"
မားတို့နဲ့ တဖက်ခြံကို ကူးလာလိုက်သည်။
*************
ဂနာမငြိမ်ဖြစ်နေတဲ့ ရှောင်ကျန့်ကို ကျိုးချန်တင်မက ညီမတော်လေး လူစီပါ သိပ်ကြည့်မရချင်တော့။
"ကိုကို့ သူငယ်ချင်းက မျောက်၀င်စားတာလား"
အနားကပ်ကာ တိုးတိုးလေး ပြောလာတဲ့ ညီမတော် လူစီ။ စွာစိမလေးက ရှောင်ကျန့်နဲ့ သိပ်မရင်းနှီးလို့ သူ့နားတိုးတိုး တိတ်တိတ်ပြောလာတာ မဟုတ်ရင်တော့ ။ ရှောင်ကျန့်ကလဲ လူစီပြောလဲပြောချင်စရာဘဲ
"မင်း ခနလေး ငြိမ်ငြိမ်ထိုင်နေပေးပါလား ရှောင်ကျန့်ရာ"
"ပွဲက စတော့မယ် ၀မ်လေးက ခုထိ မလာသေးဘူး"
ပြောရင်း ခြံ၀ကို လှမ်းကြည့်လိုက်တော့ ၀မ်မားတို့နဲ့ လာနေတဲ့ ၀မ်လေးကိုတွေ့လိုက်သည်။
"ဟာ ဟိုမှာလာပြီ ငါခနသွားလိုက်အုံးမယ် ကျိုးချန်"
ပြောရင်း ပြေးသွားတဲ့ ရှောင်ကျန့်ကို ကြည့်ရင်း ခေါင်းခါနေမိတဲ့ ကျိုး မောင်နှမ။
ရိပေါ် ခြံထဲ ခြေလှမ်းရုံရှိသေး လာဆွဲခေါ်တဲ့ ကျန့်ge။
"၀မ်လေး ကိုယ်နဲ့ ခနလိုက်ခဲ့ ပေးနော် ၀မ်ပါး ၀မ်မား ၀မ်လေးကိုခနခေါ်သွားမယ်နော်"
အဖြေကိုတောင် မစောင့်တော့ဘဲ သူ့ကို လူတွေ နဲ့ ဝေးရာ ဆွဲခေါ်သွားတဲ့ ကျန့် ge။
ဆွဲခေါ်လာလိုက်တာ အိမ်အနောက်ဖက်က ရေကူးကန် ဘေးက ခုံလေးနား ရောက်မှ ရပ်တော့တယ်။ ခုံပေါ်ကို သူ့အား ထိုင်ချခိုင်းလိုက်တဲ့ ကျန့်geက။"လာ ဒီမှာ ထိုင် ၀မ်လေး"
သူကိုယ်တိုင်ကျ ကျတော့ရှေ့မှာ ဒူးတဖက်ကို ထောက်ချနေလေရဲ့။
YOU ARE READING
If I ain't got you
Fanfictionဖြစ်ခဲ့တာ အားလုံးက ကိုယ်မင်း အပေါ် ချစ်လွန်းလို့ ဖြစ်သွားတာမို့ ကိုယ် ဘယ်တော့မှ မတောင်းပန်ဘူး ၀မ်လေး Xiao Zhan ပထမ ခင်ဗျား ကျတော့ ဘ၀ကို ဖျက်ဆီးတယ် နောက်တော့ ခင်ဗျားက ကျတော့နှလုံးသားကို ဖျက်ဆီးပြန်တယ် ဒါပေမဲ့ မှားခဲ့တာတွေ အတွက် ဘယ်တော့မှ မတောင်းပန်တဲ...