Unicode
ရှောင်ကျန့် နိုးထလာတော့ ဆီးကြိုနေတဲ့ ခန္ဓာကိုယ်က နာကျင်မှုတွေ နဲ့အတူ လက်ကနေခံစားရတဲ့ တင်းကျပ်မှုတွေ ။
လေးလံစွာ ပိတ်ကျနေတဲ့ မျက်၀န်းတွေကို အားတင်းကာ ဖွင့်လိုက်တော့ ဆီးကြိုနေတာက မျက်နှာကျက် ဖြူဖြူလေး။ ခံစားနေရတဲ့ လက်က တင်းကျပ်မှုကြောင့် ခေါင်း အောက်ကိုငုံ့ကြည့်မိတော့ သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားကာ ကုတင်ပေါ် ခေါင်း လေးမှောက် တင်ကာ အိပ်ပျော်နေတဲ့ ၀မ်လေး။သူ ခေါင်းလုံးလုံးလေးဆီ လက်လှမ်းပြီး ဖွဖွလေး ပွတ်လိုက်တော့ ခေါင်းထောင်ကြည့်လာတဲ့ ၀မ်လေးက မျက်နှာရဲရဲ နဲ့အတူ မျက်၀န်းမှာလဲ မျက်ရည်အပြည့်ဖြင့်။
သူက အိပ်ပျော်နေတယ်ထင်ထားတာလေ ဒီကောင်လေးက ကြိတ်ငိုနေတယ်တဲ့လား။
"ဟင် သတိရပြီလား"
" ၀မ် ၀မ်လေး ဘာဖြစ်လို့လဲ ဘာလို့ ငိုနေတာလဲ ဘယ်နားနာလို့လဲ"
မျက်ရည်တွေနဲ့ ၀မ်လေးကို တွေ့လိုက်ရတော့ စိတ်ပူသွားကာ တရစပ် မေးခွန်းတွေ ထုတ်လိုက်မိတယ်။
" ဘယ်နားနာရမှာလဲ ခု ဘယ်သူက ဘယ်သူ့ကို စိတ်ပူနေတာလဲ ခ ခနလေးနော် ဆရာ၀န်သွားခေါ် လိုက်အုံးမယ်"
"ခန"
ပြေးထွက်တော့မယ် ၀မ်လေးလက်ကို ဆွဲထားလိုက်ပြီး ထရန်ပြင်လိုက်တော့ အလိုက်သိတဲ့ ကောင်လေးက သူ ထဖို့ အဆင်ပြေရန် ထူပေးလေသည်။
"ခန မသွားပါနဲ့ အုံး ၀မ်လေး"
"ဟို စစ် စစ်ရအုံးမယ်"
"ကိုယ် သက်သာပြီမို့ မသွားပါနဲ့လား နော် "
တကယ်ကို သူ ဒီကောင်လေးကို မျက်ကွယ်မှာထားဖို့ ကို စိတ်မချနိုင်တော့ဘူး ။ ခနလေး မျက်စိအောက်က ပျောက်ကွယ်သွားမှာတောင် စိုးထိတ်နေမိသည်။
သူဆွဲထားလို့ ပြန်ထိုင်နေတဲ့ ၀မ်လေးက ခေါင်းကို ငုံ့ချထားကာ လက်အ ချင်းချင်း ဆုပ်နယ်နေလေသည်။
၀မ်လေးရဲ့ ဆုပ်နယ်လွန်းလို့ နီရဲနေတဲ့ လက်လေးတွေကို ကြည့်လိုက်မိတော့ လက်နုနုလေး ရဲ့ ထိပ်တွေ မှာ ပဲ့ပြီး သွေးတွေတောင်စို့ နေတဲ့ လက်ကလေး ကြောင့် ထိတ်လန့်သွားရသည်။
YOU ARE READING
If I ain't got you
Fanfictionဖြစ်ခဲ့တာ အားလုံးက ကိုယ်မင်း အပေါ် ချစ်လွန်းလို့ ဖြစ်သွားတာမို့ ကိုယ် ဘယ်တော့မှ မတောင်းပန်ဘူး ၀မ်လေး Xiao Zhan ပထမ ခင်ဗျား ကျတော့ ဘ၀ကို ဖျက်ဆီးတယ် နောက်တော့ ခင်ဗျားက ကျတော့နှလုံးသားကို ဖျက်ဆီးပြန်တယ် ဒါပေမဲ့ မှားခဲ့တာတွေ အတွက် ဘယ်တော့မှ မတောင်းပန်တဲ...