Ep- 16

1.4K 95 6
                                    

Unicode

ဆေးရုံကဆင်းတဲ့ နေ့ရောက်တော့ ခါတိုင်းထက် ပိုတိတ်ဆိတ်နေကာ အထုပ်အပိုးတွေ ပြင်ဆင်ပေးနေတဲ့ ၀မ်လေး။  ဒီကလေးဟာလေ သူ့ခံစားချက် သူ တကယ်နားမလည်တာလား ၀န်မခံချင်တာလား မသိပေမဲ့ ရှောင်ကျန့်တင်မက ဘေးက ကျိုးချန်တို့ လူစီတို့တောင် ခံစားမိတဲ့  ၀မ်လေး သူ့အပေါ်ထားတဲ့ အချစ်။
ဆေးရုံ စောင့်ပေး တဲ့ အတောအတွင်းလဲ သူအိပ်နေပြီ အထင်နဲ့ အိမ်သာထဲ သွားပြီး ခိုးငိုနေတာတွေ။

ခုလဲ ဆေးရုံဆင်းရင် မတွေ့ရတော့မှာမို့ မျက်နှာပျက်နေတာ သူသိပ်သိတာပေါ့။ သူက အဲ့လို အဖြစ်ခံမှာတဲ့လား။

ခေါင်းမာတဲ့ ကလေးက သူ့ခံစားချက်ကို ၀န်ခံရမှာကြောက်နေသည်မို့ သူကဘဲ ပိုကြိုးစားရမည်လေ။

~~ နဲနဲလောက် ပွင့်လင်းပေးပါလား ကွာ ၀မ်လေးရာ~~

သူတွေးရင်း အတွေးထက်မြန်တဲ့ စိတ်က ၀မ်လေး နောက်ကို သွားရပ်ကာ သိုင်းဖက်ထားပြီး ဖြစ်နေပြီ။

"လွှတ် ဒီမှာ သိမ်းဆည်းနေတာ မတွေ့ဘူးလား"

"ခနလေးပါ ၀မ်လေးရာ ဒီနေ့ပြီးရင် ဘယ်ချိန်မှ ထပ်တွေ့ခွင့်ရမယ်မှန်းမသိတာမို့ ခနလေးပါကွာ"

"........"

"၀မ်လေး ကိုယ်ပြောတာကို တကယ် လက်မခံပေးတော့ဘူးလား ဟင်"

"........"

"ကိုယ့်ကို နောက်တကြိမ်လောက် အခွင့်အရေးပေးပါကွာ နော်"

"......"

"ကိုယ် ၀မ်လေးမရှိရင် မရှင်သန်နိုင်တာ ၀မ်လေး လဲ သိသားနဲ့ ကွာ"

" အင့် ကျတော်မရှိရင် မရှင်သန် နိုင်ဘူးလဲ အင့်  ပြောသေး ဘာ အင့် ဘာလို့ အမြဲ အခြားလူတွေနဲ့ ပတ်သက်နေခဲ့ရတာလဲ"

ရှောင်ကျန့်သိလိုက်ပြီ ၀မ်လေးက ခုထိ ဟိုလူတွေနဲ့ ကိစ္စကို အခဲ မကြေဖြစ်နေတာ ။ သူ၀မ်လေးကို အနောက်ကနေသိုင်းဖက်ထားရာက လွှတ်ကာ သူ့ဖက် ဆွဲလှည့်လိုက်သည်။

၀မ်လေးရဲ့ ပါးနုနုလေးထက် ကျနေတဲ့ မျက်ရည်တွေကို ဆွဲသုတ်ပေးလိုက်ပြီး အကြည့်ချင်းဆုံစေလိုက်သည်။

If I ain't got youWhere stories live. Discover now