Ep- 14

1.5K 102 4
                                    

Unicode

ရိပေါ်  mini marketကို ဦးတည်ကာ လျောက်နေတုန်း  လက်ထဲက ဖုန်းကို သတိတရ နဲ့ ဖွင့်လိုက်သည်။ ဖုန်း ပွင့်သွားတာနဲ့ တပြိုင်နက် noti bar မှာ ပေါ်လာတဲ့ messageတွေ နဲ့ missed callတွေ ကြောင့် ခြေလှမ်းများကို ရပ်တန့်ကာ ကြည့်မိသည်။ အများဆုံးက ကျန့်geနဲ့ ဆွန်းယွန်းgeဆီက မားဆီကများ ပါနေမလားဆိုတဲ့ မျှော်လင့် တကြီး နဲ့ ရှာမိသော်လည်း ပြတ်သားလွန်းတဲ့မားက လုံး၀ မဆက်သွယ်ထားပေ။

~~မားက ကျတော့ကို တကယ်စွန့်ပစ်လိုက်ပြီဘဲ~~

သူ ဖုန်းကိုကြည့်ပြီး ငေးငိုင်နေတုန်း အနောက်က သိုင်းဖက်လာတဲ့ လက်တစုံ။ ပြီးနောက် သူနဲ့ နေရာချင်းပြောင်းသွားစေရန် ဆွဲလှည့်ခြင်းကို ခံလိုက်ရသည်။
ရုတ်တရက်မို့ သူလန့်သွားရသော်လည်း သူခံစားမိနေတာက ရင်းနှီးလွန်းတဲ့ ကိုယ်သင်းရနံ့ နဲ့  နွေးထွေးလွန်းတဲ့ ရင်ခွင်ကျယ်။

      ******

ရှောင်ကျန့် ထိုမသင်္ကာစရာလူ ရဲ့လက်ထဲက တလက်လက်နဲ့အရာကိုလဲတွေ့ရော ဘာမှ မစဉ်းစားနိုင်တော့ဘဲ ၀မ်လေးရှိရာကို အမြန်ပြေးသွားလိုက်ကာ အနောက်ကနေသိုင်းဖက်လိုက်ပြီး ဆွဲလှည့်၍ နေရာချင်း လဲစေလိုက်သည်။

သူ၀မ်လေးကို ဆွဲလှည့်ပြီးတာနဲ့ တပြိုင်နက် သူ့ နောက်ကျောဖက် ခါးနားကို ထိုး၀င်လာတဲ့ ချွန်ထက်တဲ့ အရာ တခု ကြောင့် နာကျင်မှုက အတိုင်းအဆမဲ့။ ဒါပေမဲ့ ထိုလူ ၀မ်လေးကို ထပ်မံ တိုက်ခိုက်လာမှာ စိုးတာကြောင့် ၀မ်လေးကို ပိုတင်းကျပ်စွာဖက်ထားမိသည်။ 
သို့ပေမဲ့လဲ သူ့ရင်ခွင်ထဲကနေ အတင်းရုန်းထွက်သွားတဲ့ အဆိုးလေးကို ခါတိုင်းလို ထိန်းထားဖို့ အားအင်က သူ့ဆီမှာ မရှိ။

   ******

ရိပေါ် သူ့ကို အနောက်ကတင်းကြပ်စွာ ဖက်ထားခံရတာကြောင့် သူခနကြောင်နေရာမှ ထို ရင်းနှီးလွန်းနေတဲ့ ရင်ခွင်ထဲကနေ အားကုန် ရုန်းထွက်လိုက်ပြီး လှည့်ကြည့်လိုက်မိတယ်။

ထိုစဉ် သူတွေ့လိုက်ရတာက လမ်းပေါ်သို့ လဲကျသွားတဲ့ ကျန့်ge။

"ကျန့် ကျန့်ကော"

"၀မ်လေး"

သူ့ရှေ့က လဲကျနေတဲ့ ကျန့်geက ကို ကြောင်ကာ ကြည့်နေဆဲမှာ ကျန့်geနေရာ အောက်ဖက်တွင် အိုင်ထွန်းလာတဲ့သွေးတွေကြောင့် လဲကျနေတဲ့ ကျန့်geကို အမြန်ပြေးထွေးပွေ့ လိုက်တော့ သူ့လက်မှာ ပေကျံလာတဲ့ သွေးတွေ။

If I ain't got youWhere stories live. Discover now