Ep- 11

1.5K 99 4
                                    

Unicode

တကိုယ်တည်း အ ထီးကျန်စွာ နိုးထလာရတဲ့ ရိပေါ်ရဲ့ မနက်ခင်းလေး ။ ဒီလို မနက်ခင်းက ၂လ  နီးပါး လောက် ရှိနေ ပြီ ဖြစ်သော်လည်း  သူတကယ်ကို အခုထိ အသားမကျသေး။ အရင်လို မား နိုးမှ နိုးထလာရတဲ့ မနက်ခင်းလေးတွေကို သူလွမ်းတယ်။ မားတို့နဲ့ အတူစားရတဲ့ နွေးထွေးတဲ့ မနက်စာ ထမင်းဝိုင်း လေးကို သူလွမ်းတယ်။

ခုဆို ရိပေါ်  တိုက်ခန်းတွင်းက အပြင်မထွက်ဖြစ်တာ ကြာပြီ။ အပြင်မထွက်ဖြစ်သလို ဘယ်သူနဲ့မှလည်းမဆက်သွယ်မိအောင် ဖုန်းကိုပါ ပိတ်ချထားသည်။ အဓိက အကြောင်းရင်းက ကျန့်ကော သူ့ကို နေရာအနှံ့ လိုက်ရှာနေတာကြောင့် လဲပါသလို  ဆွန်းယွန်း ge ကို ရင်မဆိုင်ရဲတာ ကြောင့်လဲပါသည်။ တော်သေးတာက  လူစီနဲ့ ကျိုးချန်ge တို့က အစစအရာရာ လိုလေသေးမရှိအောင် ထားပေးသည်။

ဒီနေ့ သူ့ရဲ့ ၂၂ နှစ်ပြည့် မွေးနေ့ဖြစ်တာကြောင့် လူစီ က သူနဲ့ ကျိုးချန်geကို dinner ချက်ကျွေးရန် ပူဆာ ထားတာကြောင့် သူ အပြင်မသွားချင်လဲ လိုအပ်တာတွေကို ၀ယ်ဖို့ သွားကို သွားရမယ်လေ။

"အင်း မြန်မြန်သွား မြန်မြန်ပြန်ရင် ရတာဘဲ"

အပြင်သွားဖို့ ပြင်ဆင်ရန်အထ မိုက်ခနဲ ဖြစ်သွားတဲ့ သူ့ ခေါင်းကြောင့် ခနလေး ငြိမ်ငြိမ်ပြန်ထိုင်နေလိုက်သည်။
သူခုလို မူးမူးနေတာ တော်တော်ကြာပြီ ဒီအတောအတွင်း စိတ်ထောင်းကိုယ်ကြေဖြစ်နေလို့ ကောင်းကောင်းမအိပ်တာကြောင့် လို့ သူ့ကိုယ်သူ မှတ်ယူထားတယ်။ တကယ်လဲ ဒီအတောအတွင်း တကယ်ကို အိပ်ဆေးအကူမပါလျှင် အိပ်မရတဲ့ညတွေက များနေခဲ့ပြီလေ။

အတွေးတွေကို ရပ်ပြီး သူပြင်ဆင်ပြီး super market တခုကို ဦးတည်လိုက်သည်။

Super market ၌ လိုအပ်တာတွေအကုန်၀ယ်ပြီး ထွက်အလာ တွင်

" ရိပေါ်"

ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ သူ့နားလာနေတဲ့ ဆွန်းယွန်း ge

"စကား ခနလောက်ပြောလို့ရမလား ရိပေါ် ဟို ခနပါဘဲ"

တောင်းဆိုလာတဲ့ ဆွန်းယွန်းgeကို ကြည့်ပြီး သူအားနာသွားရသည်။ တကယ်ဆို သူက အရင်သွားတွေ့ပြီးတောင်းပန်သင့်တာမလား။

If I ain't got youWhere stories live. Discover now