Final ( HE version)

3.1K 130 9
                                    

Unicode

AN- ဒါလေးက SE မကြိုက်တဲ့  သူလေးတွေ အတွက်ပါ မြန်မြန်ရေးထားရတာမို့ ပေါ့သွားရင် sorryပါနော်🙏🙏 အားလုံး အိပ်ရေး၀၀ အိပ် ကျန်းမာရေးဂရုစိုက်ကြပါနော်

ရိပေါ် ကုတင်ထက်က ကျန့်geကိုငေးကြည့်နေမိတယ်။

သူ့အစားဓါးချက်ကို အစားခံပေးလိုက်တဲ့ ကျန့်geက ခုဆို မေ့မြောနေတာ တပတ်တောင်ရှိပြီ ။ ဒေါက်တာတွေကတော့ လူနာက မေ့ဆေးနဲ့ မတည့်တာဖြစ်နိုင်သလို သူစိတ်ပင်ပန်းမှု အရမ်းများခဲ့လို့ သူပင်ပန်းခဲ့ရသမျှကို ခုမှ အတိုးချပြီးနားနေတာလဲ ဖြစ်နိူင်တယ် လို့ ပြောတော့ သူ စိတ်မကောင်းဖြစ်ရပြန်တယ်။

~~ကျတော်ကြောင့် စိတ်အရမ်းဘဲ ပင်ပန်းခဲ့ရတာဘဲလား ကျန့်geရယ်~~

သူတကယ်ကိုစိတ်ပူနေရပါတယ်။ မတော်လို့ တခုခု မှားယွင်းသွားမှာလဲ စိုးနေမိတယ်။

သူ အတွေးထဲနစ်မြောနေစဉ် တပတ်လောက်မြောနေခဲ့တဲ့ ကျန့်geက မျက်ရည်တွေအဆက်မပြတ်စီးကျနေတာမို့ သူစိတ်ပူသွားကာ ဒေါက်တာပြေးခေါ်ရပြန်သည်။

"ကြည့်ရတာ လူနာက အိမ်မက်ဆိုးမက်နေပုံဘဲ ဒါပေမဲ့ သိပ်စိတ်မပူပါနဲ့ ဗျ ခုတိုင်းဆို လူနာက မကြာခင် သတိပြန်လည်လာတော့မှာပါ"

ဒေါက်တာတို့ထွက်သွားတော့မှ သူ ကျန့်geဘေးနား၀င်ထိုင်ကာ လက်ကိုဆုပ်ကိုင်လိုက်၍

"ထလာပါတော့ ကျန့်geရယ် ကျတော့ကို ဒီလောက်ဘဲ ပစ်ထားပါတော့နော်"

သူ ရေရွတ် နေရင်း ကျန့်geမျက်နှာလေးကို ငေးကြည့်နေစဉ် လေးလံလာတဲ့ မျက်ခွံတွေကြောင့် ခန မှေးကနဲ အိပ်ပျော်သွားသော်လည်း သူ့နားစည်ကို လာရိုက်ခတ်တဲ့ ရှိုက်သံလေးကြောင့်   သူ လန့် နိူးလာခဲ့ရသည်။

"ဟင့် ဟင့်"

ရိပေါ်ကြည့်လိုက်တော့ ပုံမှန်နဲ့ မတူ မြောနေတဲ့ ကျန့်geက မေ့မျောနေရင်းက မျက်ရည်တွေ စီးကျကာ ရှိုက် ရှိုက်ကာ ငိုရင်း ခေါင်းကို တသွင်သွင်ခါကာ ဗလုံးဗထွေး ပြောလာတော့  ရိပေါ်  စိတ်ပူသွားကာ လှုပ်နိူးနေမိတယ်။ သူ ဘယ်လိုနိူးနိူး မနိူးလာတဲ့ ကျန့်geကြောင့် စိုးရိမ်မှု ဒီဂရီက မြင့်တက်လာခဲ့သည်။

If I ain't got youWhere stories live. Discover now