Ep- 3

2K 123 2
                                    


Unicode

ရှောင်ကျန့် ၀မ်အိမ် ကနေပြန်လာတော့ အခြားသူများကိုတွေ့သော်လည်း မားရဲ့ အရိပ်တောင်မတွေ့ရတာမို့~

"မားကော ပါး"

"အိပ်ခန်းထဲမှာ ကောက်နေလေရဲ့ သွားချော့လိုက်ပါအုံး"

"ဟုတ်ပါး"

မားရှိရာအပေါ်ထပ်ကို ဦးတည်လာလိုက်တယ်။

ဒေါက် ဒေါက်

"၀င်ခဲ့"

အခန်းထဲ ၀င်သွားတော့ ကျောပေးထိုင်နေတဲ့ မား။
မားအနားကိုသွား၍ အနောက်ကနေ ဖက်ထားလိုက်ကာ~

"မား က ကျတော်ပြန်လာတာတောင် ထွက်မကြိုဘူးဗျား ကျတော်ပြန်လာတာ မပျော်ဘူးလားဟင်"

"လွှတ်စမ်းပါ"

"မားးကလဲ ကျတော်ကလွမ်းနေပါတယ်ဆို"

" ဘယ်သူက မပျော်လို့လဲ ဘယ် သူက ထွက်မကြိုလို့လဲ ဘယ် ဟင့် ဘယ်သူ က ဟင့် လာမတွေ့ဘဲ ဟင့် သူစိမ်းဆီ အရင်သွားပြေးတွေ့တာလဲ "

စိတ်ကောက်နေတဲ့ မားက ငိုနေပြီဆိုတာ သိလိုက်ပြီ။
မားရဲ့ အရှေ့ ကုတင်အောက်နားလေးမှာ ဒူးထောက် ထိုင်လိုက်ရင်း မားမျက်ရည်တွေကို သုတ်ပေးလိုက်ကာ~

"အိုက်ယားးး ကျတော့မားက ကျတော့ကို စိတ်ကောက်နေတာဘဲ  "

"စိတ်ကောက်ရအောင်မားက ကလေးမဟုတ်ဘူး"

"အဲ့ဒါဆို စိတ်ဆိုးနေတာပေါ့ စိတ်ဆိုးရင် ကျတော့ကို ရိုက်လိုက်ပါ ငိုတော့မငို ပါနဲ့မားရယ်"

ပြောရင်း မားလက်ကိုယူကာ ပါးပေါ် တင်ပေးလိုက်တော့  မရိုက်လာဘဲ ပါးလေးကို နူးညံ့စွာ ပွတ်ပေးနေတဲ့မား။

"မားက ဘယ်လိုရိုက်ရက်မှာလဲ သားရယ်.... မားဘယ်လောက်တောင်ချစ်ရတဲ့ သား လဲ မားက စိတ်ကောက်တာလဲ မဟုတ်သလို စိတ်ဆိုးတာလဲ မဟုတ်ဘူး  မားက စိတ်မကောင်းဖြစ်တာ။ သူစိမ်းလောက်တောင်မားက သားကျန့်အတွက် အရေးမပါဘူးခံစားရလို့  ၀မ်းနည်းတာ "

" ၀မ်လေးက သူစိမ်းမဟုတ်ဘူးပါဘူးမားရယ် ဘာဖြစ်ဖြစ် ကျတော်တောင်းပန်တယ်နော်မား  မားနဲ့က အမြဲ အဆက်သွယ်ရနေတော့ အဆက်သွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ ၀မ်လေးဆီ အရင်သွားလိုက်မိတာပါ sorryပါနော် မား"

If I ain't got youWhere stories live. Discover now