Ep- 23

2.1K 94 7
                                    

Unicode

"ဟင့် ဟင့်အင်း မ မသွားပါနဲ့ ပြန်လာခဲ့ပေးပါ ပြန်လာခဲ့ ပြန်လာခဲ့လို့ ကျတော်ပြောနေတယ်လေ "

အော်ဟစ်ရင်း  အလန့်တကြားနဲ့ နိုးလာတဲ့ ရိပေါ် ။

သူ့ပါးပေါ်က မျက်ရည်တွေကို သုတ်ဖယ်လိုက်ရင်း အခန်းပြတင်း ပေါက်ကနေတဆင့် အပြင်ကို ကြည့်တော့ မိုးတောင် စင်စင်လင်းနေပြီ။

သူ့ ခုနက မက်လိုက်တဲ့ အိမ်မက်ထဲ မှာ သူ့ကို နူတ်ဆက်ကာ အဝေးကို ထွက်သွားနေတဲ့ ကျန့်geက သူဘယ်လောက် ငိုယိုကာ ပြန်လာဖို့  အော်ဟစ် ​တောင်းဆိုနေပါစေ ပြန်မလှည့်ခဲ့တော့ပေ။

ထို အိမ်မက် ကြောင့် ကျန့်ge ကို စိတ်ပူသွား ရသည်မှာ အမှန်ပေမို့  ကျန့်geများ သူ့ကို ဆက်သွယ်ထားမလားလို့ စဉ်းစားမိ​ပြီး ညကပိတ်ထားမိတဲ့ ဖုန်းကိုယူကာ မြန်မြန်ဖွင့်လိုက်မိတယ်။ ဒီနေ့မှ ဖုန်းက power တက်တာ ပို ကြာနေသလိုပင်။

ဖုန်းပွင့်သွားတာနဲ့ တပြိုင်နက်  noti bar တွင် ၀င်လာတဲ့ message။ သူကြည့်လိုက်တော့

' ကျန့်ge ❤️
1message at  4: 10 AM" တဲ့။

သူ message boxထဲကို အမြန်၀င်ကာ ဖတ်လိုက်သည်။

**** ၀မ်လေး ကိုယ့်ရဲ့ အဆိုးလေး ခု  ကိုယ်က ၀မ်လေး‌ဖြစ်စေချင် သလို ၀မ်လေးရဲ့ ဘ၀ထဲက အပြီးပျောက်ကွယ်သွားပေးတော့မှာမို့ စိတ်ချနေတော့နော် ၀မ်လေးအတွက်က ကိုယ်မရှိရင်လဲ ဖြစ်တယ်ဆိုပေမဲ့ ကိုယ့်အတွက်က တော့ ၀မ်လေးမရှိရင် ကိုယ့်ဘ၀ကြီးက ရှင်သန်နေရလဲ မထူးတာမို့ ၀မ်လေးကို ကိုယ် လက်လွှတ်လိုက်ရသလိုဘဲ ကိုယ့်ရဲ့ အသက်ရှုခြင်းလုပ်ငန်းကိုလဲ လက်လွှတ်လိုက်ပါရစေနော်  အဆုံးမရှိတဲ့ ချစ်ခြင်းက သွေးစတွေ စွန်းထင်ရစမြဲမို့ ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်နဲ့ ရှင်သန်မနေခဲ့ရဘူးနော် အပြစ်တင်ချင် ကိုယ့်ကိုဘဲ တင်လိုက်ပါ ကိုယ်က ၀မ်လေး ကို အရမ်းနေမိခဲ့ အတွက်...ကိုယ်က ကလေးလေးကို တွေ့တဲ့အခါကျ သူ့ပါးပါးက သူ့ကို ဘယ်လောက်ချစ်ကြောင်းကို ပြောပြပေးမယ်နော် ကိုယ့်ပယောဂ ကြောင့် လောကထဲ မရောက်လိုက်ရတဲ့ အတွက်လဲ ကိုယ် သေချာပေါက် ခွင့်လွှတ်မှုကို တောင်းခံ လိုက်မှာမို့ ၀မ်လေးကတော့ ပျော်ရွှင်စွာနဲ့ ဆက်လက်ရှင်သန်ရမယ်နော် ၀မ်လေးကိုယ့်ကို မုန်းသလောက် ကိုယ်က အရမ်းချစ်တယ်နော် အရမ်းချစ်တာမို့  နောက်ဘ၀ကျရင်တော့ ကိုယ့်ကို မနှင်ရတော့ဘူးနော် အဆိုးလေး နောက်ဘ၀ကျရင်တော့ သေချာပေါက်  ကိုယ်ကျူးလွန်ခဲ့တဲ့ အမှားတွေအတွက်  ပြန်ပေးဆပ်ပါ့မယ် လို့ ကတိပေးပါတယ်

If I ain't got youWhere stories live. Discover now