Unicode
ရိပေါ် ကျောင်းရောက်တော့ တဦးတည်းသော သူငယ်ချင်းမလေးကို ရှာရန် ကျောင်းဆောင်ထဲကပြေးထွက်အလာ အလောတကြီးနဲ့ ကျောင်းဆောင်အောက် ဆိုက်လာတဲ့ ကား နဲ့ တိုက်ခါနီး လေး တွင် သူ့ကို အချိန်မီလေး ဆွဲလိုက်တဲ့ လက်။
ကျွီးးးးး'
'အ့'
ပြေးနေရင်းအဆွဲခံလိုက်ရတာမို့ ခြေလှမ်းမတော်ဘဲ ခေါက်သွားတဲ့ ခြေထောက်ကြောင့် အသည်းခိုက်မတတ် နာကျင်သွားသည် ။
"ဘာ ဖြစ်သွားသေးလဲ"စိုးရိမ်တကြီးနဲ့ မေးနေတဲ့ အသံကိုကြားလို့ မော့ကြည့်လိုက်တော့ စိုးရိမ်တဲ့ မျက်၀န်းနဲ့ ကြည့်နေတဲ့ ကျတော်တို့ ဆေးကျောင်းတခုလုံးက မိန်းကလေးတွေအားလုံး ရဲ့ အသည်းစွဲ king ။ ဉစ္စာပေါ ရုပ်ချော ရုံတင်မကဘူး သွားတက်လေး နဲ့ အပြုံးချိုချိုလေးတွေကြောင့် လဲ မိန်းကလေးတွေကြားမှာ ရေပန်းစားလွန်းတဲ့ သူ ။
"ရ ရပါတယ်ဗျ ဘာမှမဖြစ်ပါဘူး"
အဖြေပြန်လိုက်ကာ နာနေတဲ့ခြေထောက်ကို လျစ်လျူရှုကာ ထရန်ကြိုးစားကြည့်တော့~
'အ'
ပြန်ပစ်လဲသွားချိန် အမြန်ဖမ်းဆွဲလာပေးတဲ့ လက်တစုံ။
"အဆင်လဲ မပြေဘဲနဲ့ ကောင်လေးရာ"
ထိုချိန် ကားပေါ်က ဆင်းပြေးလာတဲ့ ဦးလေးတယောက်
"သခင်...."
ခေါ်နေတာတောင်မဆုံးသေးခင် ဆီးကြိုငေါက်လာတဲ့ သူ။
"ကားကို ဘယ်လိုမောင်းတာလဲ ဟမ် ဒါက ကျောင်းarea ဆိုတာမသိတာလား မတော်လို့ တိုက်သွားရင်ဘယ်လို လုပ်မလဲ"
"ဟို ရ ရပါတယ်"
သူဝင်ပြောသော်လည်း သူ့စကားကို အာရုံမရ ကြ
"ကျတော် တောင်းပန်ပါတယ် ဟို သခင်ကြီးက company မှာ အရေးပေါ်ဆိုလို့...."
"ထားတော့ ခုတော့ဦးလေး ပြန်လိုက်တော့ ကျတော် ပါးကို ဖုန်းဆက်လိုက်မယ်"
"ဟုတ်ကဲ့ သခင်လေး"
ထိုဦးလေး ပြန်ထွက်သွားတော့မှ~
YOU ARE READING
If I ain't got you
Fanfictionဖြစ်ခဲ့တာ အားလုံးက ကိုယ်မင်း အပေါ် ချစ်လွန်းလို့ ဖြစ်သွားတာမို့ ကိုယ် ဘယ်တော့မှ မတောင်းပန်ဘူး ၀မ်လေး Xiao Zhan ပထမ ခင်ဗျား ကျတော့ ဘ၀ကို ဖျက်ဆီးတယ် နောက်တော့ ခင်ဗျားက ကျတော့နှလုံးသားကို ဖျက်ဆီးပြန်တယ် ဒါပေမဲ့ မှားခဲ့တာတွေ အတွက် ဘယ်တော့မှ မတောင်းပန်တဲ...