Ep- 7

1.5K 109 12
                                    


Unicode

၀မ်အိမ်တော်ရဲ့ ဧည့်ခန်းလေးထဲမှာတော့  ရခဲ့တဲ့ စိတ်ဒဏ်ရာလေးကြောင့် ထိခိုက်ကြေကွဲနေရတဲ့ လူများရှိနေလေရဲ့။

ရိလင်း ဆိုဖာလေးပေါ်မှာ ထိုင်ငိုနေတဲ့ သားငယ်လေးကို ထွေးပွေ့ထားလိုက်သည်။ သူ့အမှားကြောင့် မဆီမဆိုင် ထိခိုက်သွားရတဲ့ သားငယ်လေးအတွက် သူယူကြုံးမရဖြစ်လွန်းလို့ သူကိုယ်တိုင်လဲ ကြေကွဲမျက်ရည်တွေကျနေမိသည်။

"သား ၀မ်လေး မားတောင်းပန်ပါတယ်နော် မား ကြောင့် ဟင့် မားကြောင့် သား အခုလို လူပုံ အလယ်မှာ သားရဲ့ သိက္ခာ အစော်ကားခံလိုက်ရတာ"

" ဟင့် မား မားရယ်  ဟင့်  ကျတော့ကြောင့်ပါ မား ခုလို လူပုံ အလယ်မှာ အပြောခံရတာ ကျတော်ကြောင့်ပါ ဟင့် ကျတော်အသုံးမကျခဲ့လို့ "

" မဟုတ်တာ သားရယ် သားကဘာမှားခဲ့လို့လဲကွယ် "

ကိုယ့်ကို အပြစ်တင်နေကြတဲ့ သားအမိ၂ယောက်ကိုကြည့်ပြီး ၀မ်သခင်ကြီးရဲ့ စိတ်နှလုံးတွေ ကွဲကြေနေလေရဲ့။
သူသာ အသုံးကျခဲ့ရင် သူသာ companyကြီးကို ထိန်းသိမ်းနိုင်ခဲ့ရင် ဒီလိုအဖြစ်တွေကြုံမှာ မဟုတ်ဘူး ဆိုတဲ့ အတွေးတွေက နိုပ်စက်နေလေသည်။

"ပါးကြောင့်ပါ ပါးအသုံးမကျလို့ ပါးသာ အသုံးကျခဲ့ရင် ၀မ်လးကော သားမားကော ခုလို အနိမ်ခံ ရမှာ မဟုတ်ဘူး ပါးကဘဲ တောင်း....."

"ပါး ရှင် ခုလိုကြုံနေရတာတွေကို ကျဲသာ မပြောခဲ့ရင် ကျမတို့ကို ပြောပြဖို့ အစီစဉ်မရှိဘူးမလာ ဟမ် ဘာလို့ ဒုက္ခတွေအားလုံးကို တယောက်တည်း ခါးစည်းခံချင်နေရတာလဲ ပါးရယ်"

"  အစတည်းက ကျတော့အမှားပါ ကျတော်သာ  ပါးအလုပ်တွေကို တဖက်တလမ်းက ကူညီခဲ့မယ်ဆို ပါးအတွက် အထောက်အကူပြုခဲ့မယ်ဆို ပါးလဲခုလိုလေးလဲတဲ့ ၀န်တွေကို တယောက်တည်း ထမ်းနေရမှာ မဟုတ်ဘူး"

သူ့ကိုယ်သူအပြစ်တင်နေတဲ့ သားလေးလက်ကို ဆုပ်ကိုင်လိုက်ပြီး

"အဲ့လိုလဲ မဟုတ်ပါဘူးသားရယ် ဒါပေမဲ့ မားတခု တောင်းဆိုချင်တယ်  သား က သားကျန့်လေးနဲ့ ခုကစပြီး ကင်းကင်းနေပေးလို့ရမလားဟင် ခုလို တောင်းဆိုရတာ မားအရမ်းအားနာပေမဲ့ မား သားကို မဆုံးရှုံးချင်လို့ပါ"

If I ain't got youWhere stories live. Discover now