Ep- 12

1.5K 102 7
                                    

Unicode

ရှောင်ကျန့် ခုရောက်နေတာက barတခုမှာ barတောင်မှ ရိုးရိုးbarမဟုတ်ဘဲ gay bar ။
အပျောက်ကောင်း ပျောက်နေတဲ့ ရိပေါ်ကို ဘယ်လိုရှာရှာ မရတာကြောင့်ရယ် သူအခင်ရဆုံး အယုံကြည်ရဆုံး သူငယ်ချင်းရဲ့ စွန့်ပစ်မှု ရယ် ကြောင့် မွန်းကျပ်နေတဲ့ စိတ်တွေကို  ထွက်ပေါက်ရှာတဲ့ အနေနဲ့ လျောက်လုပ်နေမိခြင်းပင်။
အဲ့လို ‌လာဖြစ်ရာကနေ  မားတို့ မကြိုက်မှန်းသိလာတော့ သူတို့ သိပ်ရွံတဲ့ အရာမို့ အရွဲ့တိုက်ချင်စိတ်နဲ့ ပို လုပ်ပြဖြစ်တာ။

ဒီ ၂လ အတွင်းလဲ သူရက်တိုင်း ဒီလာတယ် တခါတလေဆိုရင် အိမ်ကိုမပြန်ဘဲ ဟိုတယ်ကို ကောင်လေးတယောက် မဟုတ် တယောက် ကို ခေါ်သွားပြဖြစ်သည်။  ဘာရယ်မဟုတ်ဘဲ အိမ်က စောင့်ကြည့်ဖို့ လူလွှတ်ထားတာကြောင့် တမင်လုပ်ပြနေခြင်း နဲ့   မားကို ရွဲ့ချင်စိတ်ကြောင့်။ ဘာလို့ဆို သူ့လုပ်ရပ်တွေက နောက်တမနက်ဆို သတင်း ခေါင်းစီး မှာ ရှောင်groupက အမွေဆက်ခံသူ က ဘာညာဘာညာ နဲ့ ပါလာနေကျလေ အဲ့ချိန်မျိုးဆို သူမားတို့ မျက်နှာကို အရသာခံပြီးကိုကြည့်ရတာ သိပ်အရသာရှိတာဘဲ ဟက်~

အတွေးတွေနဲ့  သောက်နေချိန်  သူ့ပုခုံးကို လက်ပွတ်သပ်တဲ့ လက်တစုံ ကြောင့် စိတ်ရှုပ်ရှုပ်နဲ့ ဖယ်ချရန်ပြင်လိုက်ပေ မဲ့ ဘားရဲ့ တထောင့်‌တနေရာ မှောင်ရိပ်တနေရာကနေ စောင့်ကြည့်နေတဲ့ မျက်လုံးတစုံကြောင့် သူရဲ့ ပုတ်ချဖို့ပြင်နေတဲ့ လက်က ရည်ရွယ်ချက်ပြောင်းသွားပြီး ပုခုံးပေါ်က လက်ကိုဆွဲကာ ပေါင်ပေါ်ထိုင်စေလိုက်ကာ ထိုလူကို မျက်ထောင့်ကနေကြည့်ရင်း မဲ့ပြုံးလေး ပြုံးလိုက်မိသည်။

~~ဟက်

ပေါင်ပေါ်က ‌လူကို ကြည့်လိုက်တော့ ၀မ်လေးအရွယ် ကောင်လေး လှလှ လေးတယောက် ။ ဒီကောင်လေးကသိပ်လှပါတယ် သို့ပေမဲ့ သူ့အတွက်တော့ ၀မ်လေးအလှရဲ့ ခြေဖျားကိုတောင်မမှီပေ။

"ဟက် ဘာအလို ရှိလို့လဲ ကောင်လေးရဲ့"

ထိုကောင်လေး ရဲ့ ပါးလေးကို ပွတ်ကာမေးမိတော့။

"ဘာရယ်မဟုတ်ပါဘူး  ကိုကို တယောက်တယောက်တည်းပျင်းနေမှာစိုးလို့ပါ"

If I ain't got youWhere stories live. Discover now