Final (SE version)

2.5K 103 19
                                    

Unicode

ညနရုံးဆင်း တော့ ကျိုးချန် သူစုံစမ်းလို့ရတဲ့ အချက်အလက်တွေကို ကိုင်ကာ ရှောင်ကျန့် တိုက်ခန်းကို ဦးတည်လိုက်တယ်။
မနက်တည်းက ဖုန်းမကိုင်တဲ့ ရှောင်ကျန့်ကြောင့် သူလိုက်လာရခြင်းဖြစ်သည် ။

"သောက်နေပြန်ပြီထင်ပါတယ်  ဟူးး ငါမင်းကို ဘယ်လိုလုပ်ပေးရမလဲ ရှောင်ကျန့်ရာ "

ကျိုးချန် ကားမောင်းနေရင်း တယောက်တည်း ငြီးငြူနေ မိတယ်။
ရိပေါ် ဆေးရုံဆင်းတည်းက နာကျင်စရာတွေ ကိုယ့်ကိုအပြစ်တင် စိတ်တွေအပြင် လုံး၀ အတွေ့ကိုမခံတဲ့ ရိပေါ် ကြောင့် နေ့နေ့ညည အရက်တွေချည်း လှိမ့်ပိတ် သောက်နေ တဲ့ ရှောင်ကျန့်က ခုဆို နိူင်ငံခြားပြန် ပညာတတ် တယောက် လို့ ထင်စရာ မရှိတော့လောက်အောင်ကိုပင် စုတ်ပြတ်သတ်နေပြီ။

ကျိုးချန်လဲ ဘယ်လိုမှ နားချ မရတဲ့ အဆုံး ရှောင်ကျန့်ကိုလွှတ်ထားလိုက်ရတာပင်။ အချိန်ကကုစားပေးသွားဖို့တော့ သူမျှော်လင့်မိတယ်။

ရှောင်ကျန့် ကွန်ဒို ရှေ့ရောက်တော့ လူခေါ် Bell ဘယ်လောက် တီးတီး မပွင့်လာတဲ့ တံခါးကြောင့် ကိုယ့်ကိုဘဲ password နှိပ်ကာ ၀င်လာလိုက်ရသည်။ သူ ကွန်ဒိုထဲ ခြေချလိုက်တော့ မြင်တွေ့ရတာက ဧည့်ခန်း အပြည့် ရှုပ်ပွနေတဲ့ အရက်ပုလင်းခွံတွေနဲ့ ဆေးလိပ် အတိုအစတွေ~

"ဟာာ အရက် ပုလင်းတွေနဲ့ ရှုပ်ပွနေတာဘဲရှောင်ကျန့်ရာ"

ဧည့်ခန်းမှာ မရှိတဲ့ ရှောင်ကျန့်ကြောင့် သူအိပ်ခန်းဖက်ကို ဦးတည်လိုက်သည်။  ပွင့်ဟနေတဲ့ တံခါးကြောင့် သူ၀င်သွားရန် ခြေလှမ်းလိုက်သော်လည် မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့ခြေလှမ်းများကို ရပ်တန့်သွားစေခဲ့သည်။

"ရှောင်ကျန့်  ရိပေါ်"

ကျိုးချန် ထို မြင်ကွင်းကို ထိတ်လန့်စွာနဲ့ ကြောင်အစွာကြည့်နေမိရာက အသိ၀င်လာတော့ သူ ရှောင်ကျန့်တို့နား အပြေးသွားကာ အလန့်တကြား အသက်မှီလို မှီငြား ကြိုးစားဖို့ ပြင်လိုက်ပေမဲ့ သူ့ကို ကြိုဆိုနေတဲ့ အေးစက်နေ  တဲ့ ခန္ဓာကိုယ် ၂ခု ကြောင့် သူ့ပါးပြင်ပေါ် မျက်ရည်တွေက အတိုင်း အဆမရှိ ကျဆင်းလာခဲ့ တယ်။

If I ain't got youWhere stories live. Discover now